စုန့်ဝမ်ကျွင်းက သက်ပြင်း သဲ့သဲ့ ချလိုက်ပြီး သူမ၏ အသံထဲတွင် သနားစရာ ကောင်းသော အသံဖြင့် “မောင်လေးက စဉ်းစားဖို့ လိုအပ်တယ်ဆိုမှတော့ အစ်မ မင်းရဲ့ အဖြေကို စောင့်နေပါ့မယ်။ ဒါပေမဲ့ အစ်မရဲ့ လက်အောက်ငယ်သားတွေ စုရုံးပြီးတဲ့အထိ မင်း စောင့်ပေးလို့ ရမလား။”
“ဟန်ကျန့်က မောင်လေးရဲ့ လက်ချက်နဲ့ မေ့လဲသွားပေမဲ့ သူ့မှာ နောက်ထပ် အစီအစဉ်တွေ ရှိနေမှာ အစ်မ ကြောက်တယ်။ မင်း အစ်မရဲ့ ဘေးမှာ ရှိနေမှ အစ်မ စိတ်အေးနိုင်မှာမို့လို့ပါ။”
လီဖန်း၏ မျက်ခုံးများ တွန့်သွားပြီး သူ့မျက်နှာပေါ်တွင် တွန့်ဆုတ်နေသော အမူအရာ ပေါ်လာသည်။
“တောင်းပန်ပါတယ် မောင်လေး အစ်မ အတွက်ပဲ ခဏလောက်ကူညီပေးပါ” စုန့်ဝမ်ကျွင်း က ရှေ့တိုးလာပြီး လီဖန်း ၏ လက်ကို ယူကာ လှုပ်ယမ်းလိုက်ရင်း ကလေးလေးတစ်ယောက်လို ညုချွဲနေသည်။
ရှုမောင်၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာပြီး ခေါင်းကို အမြန် လွှဲလိုက်သည်။
သေစမ်း လှပတဲ့ မုဆိုးမလေးက ညုချွဲနေတယ်! သူ မျက်စိမှား မြင်နေတာတော့ မဟုတ်ဘူးမလား။
ရှုမောင်၏ အမြင်ထဲမှာ စုန့်ဝမ်ကျွင်း က ဆွဲဆောင်မှုရှိတဲ့ ညှို့အားကို မကြာခဏ ထုတ်လွှတ်တတ်ပေမဲ့ သူမ ဘယ်ယောကျ်ားရဲ့ လက်ကိုမှ အရင်ဆုံး မကိုင်ခဲ့ဖူးဘူး ဘယ်ယောကျ်ားနဲ့မှလည်း ဒီလို ညုချွဲခဲ့တာ မရှိဘူး။
သူ့လက်ပေါ်မှ နူးညံ့သော အထိအတွေ့ကို ခံစားရင်း လီဖန်း ၏ နှလုံးသား တစ်ချက် ခုန်သွားသည်။ ဒီမိန်းမက တကယ်ပဲ တစ္ဆေမလေးပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မလုံလောက်တဲ့ ယောကျ်ားတစ်ယောက်က သူမရဲ့ သွေးဆောင်မှုကို ဘယ်တော့မှ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
“ကျွန်တော် မင်းကို စောင့်ပေးလို့ ရပါတယ် ဒါပေမဲ့ ကျွန်တော့်ကို ‘မောင်လေး’ လို့ ခေါ်တာ ရပ်ပေးလို့ ရမလား။ တကယ်တော့ ကျွန်တော်က တော်တော် ‘ကြီး’ ပါတယ်။” လီဖန်း အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး နှလုံးသားထဲက ပူလောင်မှုကို ဖိနှိပ်ရင်း ပြောလိုက်သည်။
“တကယ်ပဲ အဲ့လောက် ‘ကြီး’ လား။” စုန့်ဝမ်ကျွင်း က အကြည့်ကို နှိမ့်ချလိုက်ပြီး လီဖန်း၏ ခန္ဓာကိုယ် အောက်ပိုင်းကို ဝေ့ကြည့်ကာ ပိုးသားကဲ့သို့ နူးညံ့သော မျက်ဝန်းများဖြင့် မေးလိုက်သည်။
ထို အကြည့်တစ်ချက်က လီဖန်း ခုလေးတင် ဖိနှိပ်လိုက်သော ပူလောင်မှုကို ချက်ချင်း ပြန်လည် မီးတောက်စေပြီး သူ့ကို စုန့်ဝမ်ကျွင်း အား လက်မောင်းထဲ ဆွဲသွင်းကာ သေသေချာချာ ‘နယ်ဖတ်’ ပစ်ချင်စိတ် ဖြစ်ပေါ်စေသည်။
ဒါပေမဲ့ လီဖန်း သိသည် အကယ်၍ သူသာ အခု စုန့်ဝမ်ကျွင်း အပေါ် မတော်တလျော် တစ်ခုခု လုပ်လိုက်လျှင် သူ ဒုတိယ အာဝန် ဖြစ်သွားလိမ့်မည်။
“ခင်ဗျား စမ်းကြည့်လို့ ရပါတယ်။” လီဖန်း က သူ့လက်ကို မသိမသာ ပြန်ရုပ်သိမ်းလိုက်ပြီး ကစားသလို လေသံဖြင့် ပြောသည်။
စုန့်ဝမ်ကျွင်း ၏ နှလုံးသား တုန်ခါသွားသည်။ သူမ လီဖန်း ကို ပိုပြီး နားမလည်နိုင်လေ သူ့ကို သိမ်းပိုက်လိုစိတ် ပိုမို ပြင်းပြလာလေ ဖြစ်သည်။
“ကောင်းပြီလေ အစ်မ တစ်နေ့နေ့မှာ သေချာပေါက် စမ်းကြည့်ပါ့မယ်။” စုန့်ဝမ်ကျွင်း က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး သူမ၏ လက်ကိုင်အိတ်ထဲမှ ဖုန်းကို ထုတ်ကာ လက်အောက်ငယ်သားများထံ ဖုန်းခေါ်လိုက်သည်။
…
နာရီဝက်ကြာပြီးနောက် လရောင်ကလပ် ၏ ‘ဧကရာဇ် ခန်းမဆောင်’ ထဲတွင် စုန့်ဝမ်ကျွင်း နှင့် လီဖန်း တို့ အလယ်ဗဟိုရှိ ဆိုဖာကြီးပေါ်တွင် ဘေးချင်းကပ် ထိုင်နေကြသည်။
သူတို့ရှေ့တွင် ဟန်ကျန့် နှင့် အာဝန် တို့ကို ကြိုးတုပ် ပါးစပ်ပိတ်ကာ မြေပြင်ပေါ် ဒူးထောက်လျက် အနေအထားဖြင့် ထားရှိသည်။
အဝေးတစ်နေရာတွင် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော ကြွက်သားများဖြင့် သန်မာသော အမျိုးသား ဆယ့်နှစ်ဦး တည်ကြည်စွာ မတ်တပ်ရပ်နေကြသည်။ သူတို့သည် အာဝန်နှင့် အတူ ‘အကာအကွယ်ရှင် ၁၃ ဦး’ ဟု လူသိများပြီး စုန့်ဝမ်ကျွင်း ၏ ယုံကြည်ရသော လက်အောက်ငယ်သားများ ဖြစ်ကြသည်။
“အာဝန် က အကျိုးအမြတ်အတွက် ငါ့ကို သစ္စာဖောက်ခဲ့တယ် ဟန်ကျန့် နဲ့ ပူးပေါင်းပြီး ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သခင်လေး လီ က ကြားဝင် ကယ်တင်ပေးခဲ့လို့ ငါ အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတယ်။”
“မင်းတို့အားလုံး ငါနဲ့အတူ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါ မင်းတို့ကို နားလည်သလို မင်းတို့လည်း ငါ့ကို နားလည်တယ်။ တစ်စုံတစ်ယောက်က သစ္စာမစောင့်သိတဲ့စိတ် မွေးလာခဲ့ရင် ဒီနေ့ အာဝန် ရဲ့ ကံကြမ္မာက မင်းတို့ရဲ့ ကံကြမ္မာပဲ!” စုန့်ဝမ်ကျွင်း က လူတိုင်းကို မျက်လုံးဖြင့် ဝေ့ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သူဌေး ကျွန်တော်တို့ လုံးဝ သစ္စာစောင့်သိပါ့မယ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး!” ထိုလူများ ချက်ချင်း ကိုယ်ကို မတ်လိုက်ပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“အရမ်းကောင်းတယ်။ အခုကစပြီး သခင်လေး လီ ကို မြင်တာက ငါ့ကို မြင်တာနဲ့ အတူတူပဲ။ အားလုံး ရှင်းရဲ့လား။” စုန့်ဝမ်ကျွင်း က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။
“ဟုတ်ကဲ့ သူဌေး!”
“သခင်လေး လီ ကို နှုတ်ဆက်ကြသေးဘူးမလား။”
“သခင်လေး လီ ကို နှုတ်ဆက်ပါတယ်!”
ထိုလူများ လီဖန်း ကို တညီတညွတ်တည်း ဦးညွှတ် အရိုအသေပေးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
လီဖန်း မျက်ခုံးပင့်လိုက်ပြီး စုန့်ဝမ်ကျွင်း ဘက် လှည့်ကြည့်လိုက်သည်။
“ဒါက မင်းအတွက် ငါ့ရဲ့ ကျေးဇူးတင်လက်ဆောင်ပဲ။ မင်း သဘောကျရဲ့လား အစ်ကို… ကြီး။” စုန့်ဝမ်ကျွင်း က သူ့နားနား ကပ်လာပြီး သစ်ခွပန်းရနံ့လို မွှေးပျံ့သော လေသံဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင်… သိပ်တော့ မကြိုက်ဘူး။ ဒါပေမဲ့ မင်း ဒီလောက်တောင် အပင်ပန်းခံထားမှတော့ ငါ လက်ခံလိုက်ပါ့မယ်။” လီဖန်း က ကစားသလို ပြုံးလိုက်ပြီး လှည့်ကာ “စုန့်ဝမ်ကျွင်း က ငါ ကာကွယ်ထားတဲ့ မိန်းမပဲ။ တစ်စုံတစ်ယောက်က သူမကို လက်ဖျားနဲ့တောင် လာထိရဲရင် ငါ့လက်သီးက သဘောတူမလား အရင် မေးကြည့်လိုက်ဦး။”
စကားသံဆုံးသည်နှင့် လီဖန်း က သူ့ရှေ့မှ ကော်ဖီ စားပွဲပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
“ဘုန်း!”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး စကျင်ကျောက် ကော်ဖီ စားပွဲသည် ပထမတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်လာပြီး ထို့နောက် “ခလွမ်း!” ကနဲ လုံးဝ ပြိုကျသွားသည်။
ဦးညွှတ် အရိုအသေပေးနေသော လက်အောက်ငယ်သား ဒါဇင်ကျော်လုံး တုန်တက်သွားပြီး မျက်နှာများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
စုန့်ဝမ်ကျွင်း ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူမ လီဖန်း ကို အသိအမှတ်ပြုမှုနှင့် ကျေးဇူးတင်မှု ရောနှောကာ ကြည့်လိုက်သည်။ သူက သူမကို သြဇာအာဏာ တည်ဆောက်ရာတွင် ကူညီပေးနေတာလား။
ဟန်ကျန့် နှင့် အာဝန် တို့ကို ဖမ်းဆီးရမိခြင်းက ဤလက်အောက်ငယ်သားများကို တုန်လှုပ်စေခဲ့သော်လည်း လီဖန်း ၏ ကြောက်မက်ဖွယ်ကောင်းမှုကို တိုက်ရိုက် တွေ့ကြုံခံစားခဲ့ရခြင်း မရှိပေ။
သို့သော် ဤလက်သီးချက် အပြီးတွင် သူမကို သစ္စာဖောက်ပါက ဘယ်လို အကျိုးဆက်မျိုး ရင်ဆိုင်ရမလဲ ဆိုတာကို သူတို့ သိသွားကြလိမ့်မည်။
လူတိုင်း တုန်လှုပ်နေစဉ် လီဖန်း ထရပ်လိုက်ပြီး တံခါးဆီ လျှောက်သွားကာ လက်ဝှေ့ယမ်းပြရင်း “မင်းတို့မှာ လုပ်စရာတွေ ရှိနေဦးမှာပဲ။ ငါ သွားတော့မယ်။ တွေ့ကြသေးတာပေါ့။”
“ကျွန်မ လိုက်ပို့ပေးပါ့မယ်။” စုန့်ဝမ်ကျွင်း သတိပြန်ဝင်လာပြီး သူ့နောက်သို့ အမြန် ထလိုက်သွားသည်။
‘ဧကရာဇ် ခန်းမဆောင်’ မှ ထွက်လျှောက်လာရင်း စုန့်ဝမ်ကျွင်း လက်လှမ်းကာ လီဖန်း ၏ လက်မောင်းကို ချိတ်လိုက်ပြီး ကစားသလို မေးလိုက်သည် “ဒီလောက် ညဉ့်နက်နေပြီ တကယ် ပြန်တော့မလို့လား။ မပြန်ဘဲ နေခဲ့ပါလား။ ငါ ဒီမှာ ကိစ္စတွေ ရှင်းပြီးရင် အိမ်အတူတူ ပြန်ကြတာပေါ့။”
“ငါ့ကုတင်က… အရမ်းကြီးတယ် သိလား။” ထိုသို့ပြောရင်း စုန့်ဝမ်ကျွင်း က သူမ၏ နှုတ်ခမ်းနီရဲရဲလေးကို ဖွဖွ ကိုက်လိုက်ပြီး မျက်နှာက ဆွဲဆောင်မှု အပြည့် ဖြစ်နေသည်။
လီဖန်း ၏ ဝမ်းဗိုက်အောက်ပိုင်း နွေးတက်လာသည်။ သူက သူမ၏ ရင်သားကို စိုက်ကြည့်ရင်း “အင်း တကယ်ပဲ ‘ကြီး’ တာပဲ… မင်းသာ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးမယ်ဆိုရင် မင်းဆီမှာ တစ်ညလောက် နေဖို့ ငါ စဉ်းစားကောင်း စဉ်းစားမိနိုင်တယ်။”
36E “လက်နက်” က ပန်းရောင် ချိပ်ဖောင်း ပေါ်မှာ ပုံဖော်နေတဲ့ ကောက်ကြောင်းတွေက အရမ်းကို ထိရောက်လွန်းတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ လူတစ်ယောက်ကို မလွတ်မြောက်နိုင်အောင် ဖမ်းစားနိုင်တယ်။ အဲ့ဒါတွေကိုသာ လက်ထဲမှာ ကိုင်ပြီး ခဏလောက် ကစားလိုက်ရရင်…
“မင်း… လူဆိုးလေး အစ်မအပေါ်မှာ မကောင်းတဲ့ အတွေးတွေပဲ အမြဲ တွေးနေတယ်~ အစ်မက မင်းအိပ်ရာကို နွေးထွေးအောင် လုပ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ မင်းက အစ်မ သဘောကျအောင် အရမ်း ကြိုးစားပြရမှာ။” စုန့်ဝမ်ကျွင်း ၏ နှလုံးသား တစ်ချက် ခုန်သွားသည်။ သူမ လက်မြှောက်ပြီး လီဖန်း ၏ နဖူးကို ထောက်ကာ ရယ်မောလိုက်သည်။
“နားလည်ပါပြီ ကျွန်တော် သွားပြီ။” လီဖန်း မျက်ခုံးပင့်လိုက်ပြီး မဲ့ပြုံးပြုံးကာ သူ့လက်ကို မသိမသာ ပြန်ရုပ်သိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။
“ဒီကောင်က တကယ်ပဲ အကျိုးအမြတ် သေချာ မမြင်မချင်း ဘာမှမလုပ်ဘူး…” စုန့်ဝမ်ကျွင်း ၏ အမူအရာ ခက်ခဲသွားသည်။ သူမ သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်ပြီး နာနာဘာဝ ပူးကပ်သလိုမျိုး “ငါ ဘာအရောင် အတွင်းခံ ဝတ်ထားလဲ။” ဟု မေးလိုက်သည်။
“အနီရောင်” လီဖန်း ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
“အနီရောင်…..” စုန့်ဝမ်ကျွင်း ၏ အမူအရာ ချက်ချင်း ထူးဆန်းသွားသည်။
လီဖန်း က စားပွဲအောက်မှာ ပုန်းနေကတည်းက သူမရဲ့ စကတ်အောက်ကို မြင်သွားရမယ်။ ဒါပေမဲ့ သူမက အဖြူရောင် အတွင်းခံ ဝတ်ထားတာ ထင်ရှားနေတာ ဘာလို့ လီဖန်းက အနီရောင်လို့ ပြောရတာလဲ။
သူက တမင် အရောင်မှား ပြောတာလား ဒါမှမဟုတ် သူ ဘာမှ မမြင်လိုက်တာလား။
“ဒီကောင် အရမ်း ထူးဆန်းတာပဲ။ သူ့ကို စုံစမ်းကြည့်သင့်လား။” လီဖန်း ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း စုန့်ဝမ်ကျွင်း အတွေးထဲ နစ်မြုပ်သွားသည်။
…
လရောင်ကလပ် မှ ထွက်လာပြီးနောက် လီဖန်း နောက်ဆုံးတော့ အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်သည်။ ကြည့်လို့ရပြီး မထိရတဲ့ ခံစားချက်က အရမ်း ညှင်းပန်းလွန်းတယ်။
“စနစ် က အနာဂတ်မှာ စုန့်ဝမ်ကျွင်း နဲ့ ပတ်သက်တဲ့ တာဝန်တွေ ထပ်ပေးဦးမလား မသိဘူး…”
လီဖန်း၏ ခံစားချက်များ ယခု ရှုပ်ထွေးနေသည် မျှော်လင့်မှုနှင့် စိုးရိမ်မှုတို့ ရောနှောနေသည်။ စုန့်ဝမ်ကျွင်း က ဆွဲဆောင်မှု ရှိသော်လည်း အန္တရာယ်ကိုလည်း ကိုယ်စားပြုနေသည်။
သို့သော် ထို့နောက် လီဖန်း လွတ်လပ်စွာ ရယ်မောလိုက်ပြီး “ငါ စနစ်ကို ရရှိထားမှတော့ ဒီအခွင့်အရေးနဲ့ ထိုက်တန်အောင် နေထိုင်ရမှာပေါ့။ အခုကစပြီး ငါ စိတ်အလိုလိုက် အပြုအမူတွေကို လုပ်ဆောင်ပြီး ငါ ကြိုက်သလို လွတ်လပ်စွာ နေထိုင်သွားမယ်!”
ကျယ်လောင်စွာ အကြိမ်အနည်းငယ် ရယ်မောပြီးနောက် လီဖန်း တက္ကစီငှားပြီး သူ ငှားနေသော တိုက်ခန်းသို့ ပြန်လာခဲ့သည်။
နောက်တစ်နေ့ မနက် လီဖန်း ကုမ္ပဏီသို့ ဘတ်စ်ကား စီးလာခဲ့သည်။ ကုမ္ပဏီထဲ ဝင်လိုက်သည်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်သည် အချို့က စိုးရိမ်နေကြပြီး အချို့က အံ့ဩနေကြကာ အချို့ကတော့ သူများ ဒုက္ခရောက်တာ ဝမ်းသာနေကြသည်။
လီဖန်း ဒါကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။ အနည်းငယ် ပြုံးလိုက်ပြီး လူတိုင်းကို နှုတ်ဆက်ကာ သူ့ထိုင်ခုံဆီသို့ ဦးတည် လျှောက်သွားသည်။
“အိုး ဒါ သခင်လေး လီ မဟုတ်လား။ မင်း ဗိုက်နာနေတာ မဟုတ်ဘူးလား။ ငါက မင်း ဒီနေ့လည်း အလုပ်လာမှာ မဟုတ်တော့ဘူးလို့ ထင်နေတာ။”
ခနဲ့တဲ့တဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ ရုံးခန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီး ထို့နောက် ရယ်မောသံများဖြင့် ပေါက်ကွဲထွက်သွားသည်။