အခန်း (၁၆): ငါမနှစ်က နာရီတစ်လုံး ဝယ်ထားတယ်လေ

နတ်ဘုရားမလေးများအား ကယ်တင်ခြင်းစနစ်

လီဖန်း က စုထုန် နဲ့ တခြားသူတွေရဲ့ စိတ်ခံစားချက် ပြောင်းလဲသွားတာကို သတိထားမိလိုက်တယ်။ သူ ပျော်နေပေမဲ့လည်း အပြင်မှာ မပြခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူက တစ်ချိန်တုန်းက သူဌေးသားတစ်ယောက် ဖြစ်ခဲ့တာပဲ ဒီလောက်တော့ တည်ငြိမ်မှု ရှိနေသေးတယ်။

လီဖန်း ကို ရှုပ်ထွေးစေတာက သူ ဝမ်လင် နဲ့ ချန်တာကျွမ်း ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသွားတာတောင် စနစ် က ဘာလို့ မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးချက် မပေးသေးတာလဲ ဆိုတာပဲ။

“တိုက်ခိုက်မှုက မပြင်းထန်သေးလို့များလား။” လီဖန်း သူ့မေးစေ့ကို ပွတ်သပ်ပြီး ခဏလောက် စဉ်းစားလိုက်တယ် ဒီလိုဖြစ်နိုင်ခြေ အရမ်းများတယ်လို့ သူထင်လိုက်တယ်။ ဒီလိုဆိုရင်တော့ သူ နည်းနည်း ပိုကြမ်းကြမ်း ကစားရမှာပေါ့။

“မစ္စတာ ဒေးဗစ် မစ္စ ဝမ် က အဲ့ဒီအိတ်ကို တကယ် သဘောကျနေပုံပဲ။ ခင်ဗျား သူမအတွက် ဝယ်မပေးတော့ဘူးလား။” လီဖန်း က အရောင်းစာရေးဆီက ထုပ်ပိုးထားတဲ့ အိတ် ၅ လုံးကို ယူလိုက်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။

“ဟမ်… ဒါက… အဟမ်း။” ချန်တာကျွမ်း က ဟက်ဟက်ပက်ပက် ရယ်လိုက်ပေမဲ့ ဝမ်လင် အတွက် အိတ်ဝယ်ပေးမယ်လို့တော့ မပြောခဲ့ဘူး။

ဝယ်မယ်။ သောက်ကျိုးနည်း ဝယ်ရမှာလား။ လီဖန်း ကတ်မပွတ်ခင်တုန်းကသာ ဆိုရင် သူ စုထုန် ကို အထင်ကြီးအောင်လို့ အဲ့ဒီအိတ်ကို ဝယ်ကောင်း ဝယ်လိုက်မိမှာ ဒါပေမဲ့ အခု လီဖန်း က တစ်ချက်တည်းနဲ့ ၆ သိန်းကျော် သုံးသွားခဲ့ပြီ။ အခုချိန်မှာ သူက အိတ်တစ်လုံး ဝယ်လိုက်လို့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ဒါက လှောင်ပြောင်ခံရတာကိုပဲ ပိုတိုးစေလိမ့်မယ်။

“ယောက်ျား~ ကျွန်မ ဒီအိတ်ကို တကယ် သဘောကျတယ်~” ဝမ်လင် က လီဖန်း ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပေမဲ့ အိတ်ဝယ်ဖို့ လက်မလျှော့ခဲ့ဘူး။ ဒီအိတ်သာ ရရင် သူမရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ ကြွားလို့ရပြီ။

“ရှောင်လင် ဒီအိတ်က တကယ်တော့ မင်းရဲ့ ပုံစံနဲ့ မလိုက်ဖက်ဘူး။ နောက်တစ်နေ့ ငါ အလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့အခါ နိုင်ငံခြားကနေ Hermes limited edition အိတ်တစ်လုံး ဝယ်လာခဲ့မယ်လေ။” ချန်တာကျွမ်း က ဝမ်လင် ၏ မျက်နှာကို ပွတ်သပ်ရင်း နူးညံ့စွာ နှစ်သိမ့်လိုက်သည်။

“တကယ်လား။” ဝမ်လင် က သံသယ ဝင်သွားသည်။ သူမရဲ့ အမြင်မှာတော့ ချန်တာကျွမ်း က အဲ့လောက် ရက်ရောပုံ မပေါ်ဘူး…

“တကယ်ပေါ့ကွာ ငါ မင်းကို လိမ်ရင် ငါ ခွေးပဲ။” ချန်တာကျွမ်း က ဝမ်လင် ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

သူက အခု ဂရုမစိုက်တဲ့ပုံ ပေါက်ချင်ရုံ သက်သက်ပဲ။ ၆ သိန်း ၆ သောင်းပဲဟာ။ ဒါက သူ့ရဲ့ တစ်နှစ်ဝင်ငွေ တစ်ဝက်ကျော်လောက်ပဲ… ဒါပါပဲ ဘာများ အရေးကြီးနေလို့လဲ ဟမ့်။

“မစ္စတာ ဒေးဗစ် က မစ္စ ဝမ် ကို တကယ် ချစ်တာပဲ။ ကျွန်တော် စုထုန် အတွက် နောက်ထပ် လက်ဆောင်တစ်ခု သွားဝယ်မလို့။ ခင်ဗျားတို့ နှစ်ယောက် ဆက်လိုက်ဦးမှာလား။” ချန်တာကျွမ်း ၏ မျက်နှာအမူအရာကို မြင်တော့ လီဖန်း က သူ့အပေါ် တိုက်ခိုက်မှုက မပြင်းထန်သေးဘူးဆိုတာ သိလိုက်တယ်။

ဒါပေမဲ့ ကိစ္စမရှိဘူး သူသာ ဆက်လိုက်ရဲသရွေ့ သူ့ဘဝကို သူ သံသယဝင်သွားအောင် လုပ်ဖို့ နည်းလမ်းတစ်ခုတော့ အမြဲ ရှိနေမှာပဲ။

“ဒါ…” ချန်တာကျွမ်း ချက်ချင်း တွန့်ဆုတ်သွားသည်။ လီဖန်း သာ ဒီလောက် ရက်ရက်ရောရော ဆက်သုံးနေဦးမယ်ဆိုရင် သူ့နောက် လိုက်နေတာက ပြဿနာ ရှာတာနဲ့ မတူဘူးလား။ ဒါပေမဲ့ သူသာ မလိုက်ရင် လီဖန်း ကို ကြောက်သွားသလို ဖြစ်သွားလိမ့်မယ်…

“ယောက်ျား အတူတူ သွားကြစို့လေ ကျွန်မ ဈေးဝယ်လို့ မပြီးသေးဘူး~” ဝမ်လင် က စုထုန် ကို ဒီအတိုင်း အရှုံးပေးလိုက်ဖို့ ဆန္ဒမရှိဘူး ပြီးတော့ ဒီပိုက်ဆံတွေက လီဖန်း ရဲ့ မိသားစုက သူ့အတွက် အိမ်တစ်လုံး ဝယ်ဖို့ စုပေးထားတဲ့ စရံငွေ ဖြစ်နိုင်တယ်လို့လည်း သူမ တွေးမိလိုက်တယ်။

ဒါ့အပြင် အိတ်က ဝယ်ပြီးရင် ပြန်ပေးလို့ ရတာပဲ တစ်ချက်တည်းနဲ့ ၆ သိန်းကျော် သုံးလိုက်တာက ဘာမှ သိပ် အဓိပ္ပာယ် မရှိပါဘူး။ တိုတိုပြောရရင် ဝမ်လင် က လီဖန်း ဟာ သူဌေးတစ်ယောက် ဆိုတာကို လုံးဝ မယုံဘူး။

“ကောင်းပြီလေ ဒါဆို အတူတူ ဆက်ပြီး ဈေးဝယ်ကြတာပေါ့။” ချန်တာကျွမ်း ခဏ စဉ်းစားလိုက်ပြီး သွားကြိတ်ကာ ပြောလိုက်သည်။

“ဒါဆို သွားကြစို့။” လီဖန်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး စုထုန် ကို Hermes ဆိုင်ခန်းထဲက ဆွဲခေါ်သွားသည်။

“လီဖန်း ရှင် တကယ်တော့ ဘာကြံနေတာလဲ။” ဝမ်လင် နဲ့ ချန်တာကျွမ်း တို့နဲ့ ဝေးသွားတဲ့အခါ စုထုန် နောက်ဆုံးတော့ မနေနိုင်ဘဲ အသံတိုးတိုးနဲ့ မေးလိုက်သည်။

“ဈေးဝယ်တာလေ ဒါက ခင်ဗျားတို့ မိန်းမတွေ အကြိုက်ဆုံး လုပ်ချင်တဲ့ အရာ မဟုတ်ဘူးလား။” လီဖန်း က နားမလည်သလို ဟန်ဆောင်လိုက်သည်။

“ငါတို့ မိန်းမတွေ လုပ်ချင်တဲ့ အရာတွေ အများကြီး ရှိပါတယ်~ ပြီးတော့ ကျွန်မ ရှင်ကို မေးနေတာက… ရှင် ဘာလို့ ဒီလို လုပ်နေတာလဲ ဆိုတာကိုပါ။” စုထုန် မျက်လုံးလှန်လိုက်ပြီး အနည်းငယ် အားလျော့သလို ပြောလိုက်သည်။

လီဖန်း မှာ မိန်းမတွေအပေါ် နားလည်မှု လွဲမှားနေတာများ ရှိနေမလား။ မိန်းမတွေ ဈေးဝယ်ရတာ ကြိုက်တာ မှန်ပေမဲ့ ဈေးဝယ်တာအပြင် ခရီးသွားတာ ရုပ်ရှင်ကြည့်တာ ချစ်ကျွမ်းဝင်တာ… စတဲ့ တခြား လုပ်ချင်တဲ့ အရာတွေ အများကြီး ရှိသေးတယ်။

“ဘာလို့လဲဆိုတော့ ငါ ပျော်လို့လေ ဒါကို မေးစရာ လိုသေးလို့လား။” လီဖန်း ကလည်း မျက်လုံးလှန်လိုက်ပြီး ဒါက ဖြစ်ရိုးဖြစ်စဉ် ဆိုတဲ့ပုံစံနဲ့ ပြောလိုက်သည်။

စုထုန်: “…”

ကောင်းပြီ ဒီအကြောင်းပြချက်က တကယ် ကောင်းပြီး အစွမ်းထက်တာကြောင့် သူမကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။

မကြာခင်မှာပဲ လီဖန်း က စုထုန် ကို Vacheron Constantin ဆိုင်ခန်းဆီ ဆွဲခေါ်သွားသည်။

“စုထုန် ဒီနာရီ လှတယ် မင်း သဘောကျလား။” အနည်းငယ် ရွေးချယ်ပြီးနောက် လီဖန်း က အမျိုးသမီးဝတ် နာရီတစ်လုံးကို ရွေးထုတ်လိုက်သည်။

စုထုန် တစ်ချက် ကြည့်လိုက်တယ် လီဖန်း ရဲ့ အရသာက တကယ် ကောင်းတယ်ဆိုတာ သူမ တွေ့လိုက်ရပြီး သူမ ဒါကို အရမ်း သဘောကျသွားတယ် ဒါပေမဲ့ နာရီရဲ့ ဈေးနှုန်းကို မြင်လိုက်ရပြီးနောက် သူမ ချက်ချင်း သဘောကျစိတ်ကို ဖိနှိပ်လိုက်သည်။

ဘုရားရေ ၁.၆၈ သန်း သူမ ကိုယ့်ကိုယ်ကိုယ် ရောင်းစားရင်တောင်မှ ဒါကို မတတ်နိုင်ဘူး။

“ထားလိုက်ပါတော့ ငါ နည်းနည်း မောနေပြီ ပြန်ကြစို့။” စုထုန် သူမရဲ့ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

လီဖန်း ဘာလုပ်တော့မယ်ဆိုတာ သူမ ခန့်မှန်းမိပြီးသား ဒါပေမဲ့ လီဖန်း ကို ဒီနာရီ ဝယ်ခွင့်ပြုလို့ မဖြစ်ဘူး။ သူမက လီဖန်း ကို ဟို အိတ် ၅ လုံးကိုတောင် ပြန်ပေးဖို့ ဖျောင်းဖျဖို့ အစီအစဉ် ရှိနေသည်။

မာန ခဏလေးအတွက် သိန်းပေါင်းများစွာ ဒါမှမဟုတ် တစ်သန်း နှစ်သန်းလောက် သုံးပစ်လိုက်ရတာ တကယ် တန်လို့လား။ အနည်းဆုံးတော့ သူမက ဒါ မတန်ဘူးလို့ ထင်တယ်။

အနီးအနားမှာ ရပ်နေတဲ့ ချန်တာကျွမ်း နဲ့ ဝမ်လင် တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အံ့ဩမှုကို တွေ့လိုက်ရသည်။

လီဖန်း ၏ စကားအရ သူက စုထုန် ကို ဒီ ၁.၆၈ သန်းတန် နာရီကို ဝယ်ပေးတော့မယ့်ပုံပဲ။ ဒါ အတည်လား အယောင်ဆောင်တာလား။ သူ ဒီလောက် ဖြုန်းတီးဖို့ လိုလို့လား။

“မစ္စတာ ဒေးဗစ် ဒီနာရီကို ခင်ဗျား ဘယ်လို မြင်လဲ။” လီဖန်း က ချန်တာကျွမ်း ဘက် လှည့်ကြည့်ပြီး ကစားသလို မေးလိုက်သည်။

“အင်း… မဆိုးပါဘူး။” ချန်တာကျွမ်း က ဒါကလွဲလို့ ဘာပြောနိုင်ဦးမှာလဲ။ သူ ဒီလောက် ဈေးကြီးတဲ့ နာရီမျိုး တစ်ခါမှ မဝယ်ဖူးဘူး သိလား။ ဒါပေမဲ့ မျက်နှာသာ ပေးရမယ်ဆိုရင် သူက “ငါလည်း တစ်လုံးလောက် ဝတ်ဖူးပါတယ်” ဆိုတဲ့ တည်ငြိမ်တဲ့ အမူအရာကို ဆက်ထိန်းထားရဦးမှာ ဖြစ်ပြီး သူ တကယ် စိတ်ဓာတ်ကျနေပြီ။

“မစ္စ ဝမ် ကရော။” လီဖန်း က ဝမ်လင် ကို ထပ်ကြည့်လိုက်ပြီး သူ့လေသံထဲက စနောက်ချင်စိတ်က ပိုလို့တောင် ပြင်းထန်လာသည်။

“လှတယ်… တကယ် လှတယ်!” ဝမ်လင် စိတ်ယိုင်သွားသည်။ ဒီနာရီက ဟို Hermes အိတ်ထက်တောင် ပိုပြီး မျက်စိကျိန်းစရာ ကောင်းတယ်။ သူမသာ ဒါကို ဝယ်ပြီး သူမရဲ့ Moments (social media) မှာ တင်လိုက်ရင် သူမ သူငယ်ချင်းတွေ မနာလိုစိတ်နဲ့ မျက်လုံးတွေ စိမ်းသွားမှာ မဟုတ်ဘူးလား။

“ခင်ဗျားတို့အားလုံး ကောင်းတယ်လို့ ပြောမှတော့ ဝယ်လိုက်ရုံပေါ့။ ကတ်ဖြတ်လိုက်ပါ။” လီဖန်း သူ့ဘဏ်ကတ်ကို ထုတ်ပြီး ငွေရှင်းလိုက်သည်။

စုထုန်: “???”

လူတိုင်း ကောင်းတယ် ပြောရုံနဲ့ ရှင်က ဝယ်တော့မလို့လား။ ဒါက ၁.၆၈ သန်း ၁ ယွမ် မဟုတ်ဘူး။

ချန်တာကျွမ်း ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့နှလုံးသားထဲမှာ ဧရာမ လှိုင်းလုံးကြီးတစ်ခု ထတက်လာသည်။

WQNMLGBD (ဆဲဆိုသံ) ဒါက ၁.၆၈ သန်းတန် Vacheron Constantin နာရီ။ ခင်ဗျားက လမ်းဘေးက မုန်ညင်းထုပ် ဝယ်နေသလိုမျိုး ဟန်ဆောင်နေတာက ဘာသဘောလဲ။

ဝမ်လင် ၏ မျက်လုံးများ နီရဲလာပြီး အသက်ရှူသံတွေ မြန်ဆန်နေသည်။ လီဖန်း တကယ် ဝယ်လိုက်တာပဲ။ ဘာလို့ သူက ဒီလောက် ချမ်းသာရတာလဲ ဘာလို့ သူက စုထုန် အပေါ် ဒီလောက် ကောင်းရတာလဲ ဘာလို့ သူမက လီဖန်း လို ယောကျ်ားမျိုးနဲ့ မတွေ့ခဲ့ရတာလဲ။ ဒါ မတရားဘူး။

သူတို့က အရင်တုန်းက လီဖန်း က ဟန်ဆောင်ပြနေတာလို့ ထင်ခဲ့ရင်တောင် အခုတော့ အဲ့ဒီလို မထင်တော့ဘူး။ တကယ့် သူဌေးတစ်ယောက်တည်းသာ ဒီလောက်များတဲ့ ပိုက်ဆံကို မျက်တောင်မခတ်ဘဲ သုံးနိုင်မှာ။

ဒီအချိန်မှာတော့ ချန်တာကျွမ်း နဲ့ ဝမ်လင် တို့ရဲ့ စိတ်အခြေအနေ လုံးဝ ပြိုကျသွားပြီ။

“ဆရာ ခင်ဗျားအတွက် ထုပ်ပိုးပေးဖို့ လိုအပ်ပါသလား။” အရောင်းဝန်ထမ်းမလေး အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ ဒီ တစ်ကြိမ်တည်းသော အရောင်းအဝယ်ကနေ ကော်မရှင် ယွမ် ထောင်ပေါင်းများစွာ ရနိုင်သည်။ သူမ အမြဲတမ်း ဝယ်ချင်ခဲ့တဲ့ အဝတ်အစား တစ်စုံက အခု လက်တစ်ကမ်း အကွာမှာ။

“မလိုပါဘူး။” လီဖန်း နာရီကို ယူလိုက်ပြီး လှည့်ကာ စုထုန် ၏ လက်ကောက်ဝတ်မှာ ဝတ်ဆင်ပေးလိုက်သည်။

“ဒါက မင်းရဲ့ ပုံစံနဲ့ တကယ် လိုက်ဖက်တယ်။ ငါ့အရသာက တော်တော် ကောင်းတယ် မဟုတ်လား။” လီဖန်း ခဏလောက် အကဲခတ်ကြည့်ပြီး မာနတကြီး မေးလိုက်သည်။

စုထုန် က ရှုပ်ထွေးတဲ့ မျက်နှာအမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး သူမရဲ့ ခံစားချက်တွေ ရောထွေးနေသည်။

ဒီအရာအားလုံးက အိပ်မက်တစ်ခုလို သူမ ခံစားနေရသည်။ သူတို့ သိကျွမ်းခဲ့တာ နေ့တစ်ဝက်ပဲ ရှိသေးတယ် ပြီးတော့ လီဖန်း က သူမရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပြီး သူမကို ယွမ် ၆ သိန်း ၆ သောင်းတန် အိတ်တစ်လုံး ပေါင်းပြီး ယွမ် ၁.၆၈ သန်းတန် နာရီတစ်လုံး ဝယ်ပေးခဲ့တယ်။

သူမက ဒီပစ္စည်းတွေကို လက်ခံမှာ မဟုတ်ပေမဲ့ လီဖန်း က ဘာလို့ ဒီလို လုပ်ခဲ့လဲ ဆိုတာကို သူမ နားမလည်နိုင်ခဲ့ဘူး။ ပျော်ရွှင်မှု သက်သက် အတွက်ပဲလား။ သူမ မယုံဘူး။

ဝမ်လင် က အခု စုထုန် အပေါ် မနာလို အားကျ မုန်းတီးနေသည်။ ဘာလို့ စုထုန် က သူမထက် ပိုလှရတာလဲ။ ဘာလို့ စုထုန် ရဲ့ ရည်းစားက ချောပြီး ချမ်းသာရတာလဲ။ ဘာလို့ သူမက စုထုန် ကို ဘယ်နည်းနဲ့မှ ယှဉ်လို့ မရတာလဲ။ သူမ လက်မခံနိုင်ဘူး။

“ယောက်ျား ကျွန်မလည်း ဒီနာရီကို သဘောကျတယ် ကျွန်မအတွက် ဝယ်ပေး~” ဝမ်လင် က ချန်တာကျွမ်း ၏ လက်မောင်းကို ချိတ်ပြီး နှုတ်ခမ်းစူလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ တစ်ပွဲတော့ ပြန်နိုင်အောင် လုပ်ရမည်။

“ငါ မင်းကို လွန်ခဲ့တဲ့ တစ်ခါက သန်း ၂ သန်းကျော်တန် နာရီတစ်လုံး ဝယ်ပေးပြီးပြီ မဟုတ်လား။” ချန်တာကျွမ်း တကယ်ပဲ “ဒီ ဖြုန်းတီးတဲ့ မိန်းမ” လို့ ကျိန်ဆဲချင်နေသည်။ သေစမ်း မင်းက ငါ့ရဲ့ နှစ်နှစ်စာ ဝင်ငွေ နီးပါးကို နာရီတစ်လုံး ဝယ်ဖို့ သုံးစေချင်နေတာလား။ “ငါမနှစ်က နာရီတစ်လုံး ဝယ်ထားတယ်လေ။”

(ဘာသာပြန်သူ မှတ်ချက်: တရုတ် အင်တာနက် အခေါ်အဝေါ်တွင် “ငါမနှစ်က နာရီတစ်လုံး ဝယ်ထားတယ်” (我去年买了个表 – Wǒ qùnián mǎile gè biǎo) သည် ဆဲဆိုသည့် စကား (我去年买了个B – Wǒ qùnián mǎile gè B) နှင့် အသံထွက် အလွန် ဆင်တူသောကြောင့် စာရေးသူက ဤနေရာတွင် စကားလုံး ကစားပြီး ဆဲဆိုလိုက်ခြင်း ဖြစ်သည်။)

“ရှင် ဘယ်တုန်းက ဝယ်ပေးလို့လဲ။ ဘာလို့ ကျွန်မ မမှတ်မိတာလဲ။” ဝမ်လင် ကြောင်အသွားသည်။

ဒီစကား ထွက်လာတာနဲ့ လီဖန်း စုထုန် နဲ့ အရောင်းဝန်ထမ်းမလေး တို့ရဲ့ မျက်နှာအမူအရာတွေ အားလုံး ထူးဆန်းသွားသည်…


Donate လုပ်ချင်ရင်တော့ 09971258129 (K Pay/ Wave ၂ မျိုးလုံးအဆင်ပြေပါတယ်)

Leave a comment