"သူဌေး ခင်ဗျား အဆင်ပြေရဲ့လား။ ကျွန်တော် လူနာတင်ယာဉ် ခေါ်ပေးရမလား။" ကျန်းယွမ် က ကောင်းခွန်း ၏ ဘေးသို့ အပြေးအလွှား ရောက်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "သေစမ်း ဘာ... လူနာတင်ယာဉ် ခေါ်နေတာလဲ ငတုံးရဲ့။ သူ့ကိုရိုက်.... သူ့ကိုရိုက်စမ်း!" ကောင်းခွန်း က ကျန်းယွမ် ၏ မျက်နှာကို ပိတ်ရိုက်လိုက်ပြီး ကျိန်ဆဲလိုက်သည်။ "သူဌေး ကျွန်တော်..." ကျန်းယွမ် မျက်နှာကို အုပ်ထားရင်း မျက်ရည် ဝဲတဝဲ ဖြစ်သွားသည်။ "သေစမ်း ငါ ဘယ်သူ့ကို သွားထိခိုက်မိလို့လဲ။ ဘာလို့ ငါ့ကို လာရိုက်နေတာလဲ။ ပြီးတော့ လီဖန်းက အရမ်း ကြမ်းတာ ကျွန်တော် သူ့ကိုမနိုင်ဘူး။" "ဒီနေ့ လီဖန်းကို ဝိုင်းရိုက်တဲ့လူတိုင်း ဒီလ ဘောနပ်စ် … Continue reading အခန်း (၁၂) – ရက်ရက်စက်စက် ရိုက်နှက်ခြင်း
Author: mr. autumn
အခန်း (၁၁) – မစ်ရှင်အသစ်: သရဖူအတွက် တိုက်ပွဲဝင်ခြင်း
စကားပြောလိုက်သူကတော့ လီဖန်း နဲ့အတူ ကုမ္ပဏီကို တစ်ချိန်တည်း ဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ကျန်းယွမ် ဖြစ်တယ်။ လီဖန်းရဲ့ စွမ်းဆောင်ရည်က သူ့ထက် ပိုသာတဲ့အတွက် ကျန်းယွမ်က သူ့ကို အမြဲတမ်း ပစ်မှတ်ထားလေ့ရှိတယ်။ မနေ့က လီဖန်း ကလွဲလို့ တခြား လုပ်ဖော်ကိုင်ဖက်တွေအားလုံး သူဌေး တောင်းဆိုတဲ့အတိုင်း အချိန်ပို ဆင်းခဲ့ကြတယ်။ ဒါကြောင့် လီဖန်းရဲ့ "ခွင့်မရှိဘဲ ပျက်ကွက်ခြင်း" နဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် တချို့က တော်တော်လေး မကျေမနပ် ဖြစ်နေကြပြီး အဲ့ဒီလူတွေကပဲ ခုနက ရယ်မောခဲ့ကြတာ ဖြစ်တယ်။ တချို့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒါ မတရားဘူးလို့ ခံစားရတယ်။ ဒီမှာ လူတိုင်းက ဝန်ထမ်းတွေချည်းပဲ လီဖန်းက ဘာအမှားမှ မလုပ်ထားဘူး ဒီတော့ ခင်ဗျားတို့အားလုံးက သူ့ကို … Continue reading အခန်း (၁၁) – မစ်ရှင်အသစ်: သရဖူအတွက် တိုက်ပွဲဝင်ခြင်း
အခန်း (၁၀) : အနမ်းတောင်းခံခြင်း
ဆရာမရောက်လာတော့ တိုးတိုးလေးပြောနေကြတဲ့ ကျောင်းသားတွေအားလုံး ရပ်သွားပြီး တံခါးဝမှာ မေးခွန်းလွှာတစ်ထပ်ကိုင်ထားတဲ့ ဟဲချန်ချန်ကို လှမ်းကြည့်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့အကြည့်ကို သတိထားမိတော့ ဟဲချန်ချန်က ခပ်ရေးရေးပြုံးပြီး မေးခွန်းလွှာတွေကိုပိုက်ကာ ဝင်လာခဲ့တယ်။ဟဲချန်ချန်က အတန်းထဲဝင်ပြီးနောက် စာသင်စင်မြင့်ဆီကို တန်းလျှောက်သွားခဲ့တယ်။ "မင်္ဂလာပါ ကျောင်းသားတို့!" ဟဲချန်ချန်ရဲ့မျက်နှာမှာ စွဲမက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခု ရှိနေခဲ့တယ်။"မင်္ဂလာပါ ဆရာမ!" တစ်တန်းလုံးက စုပေါင်းပြီး မတ်တပ်ရပ်လိုက်ကြတယ်။"ကဲ၊ အားလုံးထိုင်ကြပါ!" ဟဲချန်ချန်က ပြုံးပြီး လက်ဟန်ပြလိုက်တယ်။"ကျေးဇူးတင်ပါတယ် ဆရာမ!" ကျောင်းသားအားလုံးထိုင်ချပြီးတဲ့နောက် ဟဲချန်ချန်က စာသင်စင်မြင့်ပေါ်က မေးခွန်းလွှာတွေကို ငုံ့ကြည့်လိုက်တယ်၊ ပြီးတော့ ခေါင်းမော့ပြီး အောက်ကကျောင်းသားတွေကို လှမ်းကြည့်လိုက်တယ်။ဒီအချိန်မှာ ကျောင်းသားအားလုံးက ဟဲချန်ချန်ကို ကြည့်နေကြတယ်။ သူတို့ရဲ့အကြည့်တွေနဲ့ဆုံတော့ ဟဲချန်ချန်က ခပ်ရေးရေးပြုံးလိုက်ပြီး သူမရဲ့မျက်လုံးတွေက လင်းထျန်းအပေါ်မှာ ရပ်တန့်သွားခဲ့တယ်။လင်းထျန်းကလည်း ဒီအချိန်မှာ သူမကို ကြည့်နေခဲ့တယ်။လင်းထျန်းရဲ့အကြည့်ကို သတိထားမိတော့ ဟဲချန်ချန်က မသိမသာနီးပါး … Continue reading အခန်း (၁၀) : အနမ်းတောင်းခံခြင်း
အခန်း (၉) : ငါက အဆင့်တစ်
လင်းထျန်းက အတန်းဘက်ကို အမြန်လျှောက်သွားနေတုန်းမှာပဲ တစ်ယောက်ယောက်က သူ့ထက်အရင် အတန်းထဲကို ပြေးဝင်သွားခဲ့တယ်။ အဲ့ဒါက လင်းထျန်းရဲ့အတန်းဖော် ဝမ်ကျုံးပဲ။ ဝမ်ကျုံးက "ဝှစ်" ဆိုတဲ့အသံနဲ့ အတန်းထဲကို ပြေးဝင်လာပြီး စာသင်စင်မြင့်ဆီကို တန်းသွားခဲ့တယ်။ "ဖြောင်း၊ ဖြောင်း!" ဝမ်ကျုံးက လက်ခုပ်တီးရင်း အောက်မှာ စကားပြောနေ၊ စာဖတ်နေကြတဲ့ သူ့အတန်းဖော်တွေကို ကြည့်လိုက်တယ်။ စာသင်စင်မြင့်ပေါ်က လက်ခုပ်သံကိုကြားတော့ အောက်ကကျောင်းသားအားလုံးက အပေါ်ကို မော့ကြည့်လိုက်ကြတယ်။ကျောင်းသားတွေရဲ့အာရုံကို ရပြီးတဲ့နောက် ဝမ်ကျုံးက နည်းနည်းပိုပိုသာသာနိုင်တဲ့ အမူအရာနဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်: "အတန်းဖော်တို့၊ လစဉ်စာမေးပွဲရဲ့ အဆင့်အမြင့်ဆုံး ကျောင်းသားနှစ်ရာရဲ့ နာမည်တွေ ထွက်လာပြီ!" "ထွက်လာပြီ? ထွက်တော့ရော ဘာဖြစ်လဲ!" အောက်ကကျောင်းသားတော်တော်များများက ဒီအကြောင်းအရာကိုကြားတော့ ဂရုမစိုက်တဲ့လေသံနဲ့ပြောလိုက်ကြတယ်။လူတိုင်းက ကိုယ့်အခြေအနေကိုယ်သိပြီး လစဉ်စာမေးပွဲရဲ့ အဆင့်အမြင့်ဆုံး ကျောင်းသားနှစ်ရာရဲ့နာမည်တွေက ဒီနေ့နေ့လည်မှာ စာသင်ဆောင်က ကြော်ငြာသင်ပုန်းမှာ … Continue reading အခန်း (၉) : ငါက အဆင့်တစ်
အခန်း (၄) : ငယ်ရွယ်မှုကို ပြန်လည်ရရှိခဲ့သော်
နောက်တစ်နေ့။ မနက် ရှစ်နာရီ။ လင်းလော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကြက်ကို စူးစိုက်ကြည့်နေရင်း ရယ်မောလိုက်မိတယ်။ သူ တကယ်ပဲ ပြန်လည်မွေးဖွားလာခဲ့ပြီဆိုတာ သေချာသွားပြီ။ အသက် (၁၈) နှစ်ဆိုတာ သိပ်ကောင်းတာပဲ။ အသိသာဆုံး ခံစားချက်ကတော့ သူ မနက် (၂) နာရီကျော်မှ အိပ်ရာဝင်ခဲ့တာ ဆိုလိုတာက သူ (၅) နာရီကျော်ကျော်လေးပဲ အိပ်ရသေးပေမယ့် လုံးဝ လန်းဆန်းတက်ကြွနေပြီး အိပ်ရေးမဝလို့ ခေါင်းကိုက်တာမျိုး မရှိတာပဲ။ ဒါဟာ အသက် (၁၈) နှစ်ပဲ။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းက အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်။ သူ့ရဲ့ အသက် သုံးဆယ်ကျော်တုန်းကနဲ့ လုံးဝမတူဘူး အဲ့တုန်းကသာ အိပ်ချိန် (၈) နာရီ အပြည့်မရရင် တစ်နေ့လုံး အိပ်မက်ထဲ လမ်းလျှောက်နေသလို … Continue reading အခန်း (၄) : ငယ်ရွယ်မှုကို ပြန်လည်ရရှိခဲ့သော်
အခန်း (၃) : အတွင်းရေးမှူးကင်မ် ဘာဖြစ်နေတာလဲ
"ငါ အဝတ်အစား နှစ်စုံလောက်ဝယ်ပြီး ဆံပင်ပုံစံအသစ်လည်း ညှပ်ရမယ်..." လင်းလော့က သူ့ဘာသာသူ တွေးလိုက်ပေမယ့် သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိဘူးဆိုတာ သတိပြုမိသွားတယ်။ သူ့မိသားစုဆီက ပိုက်ဆံတောင်းလို့တော့ ရတယ် ဒါပေမဲ့ သူ့အမေက ပွစိပွစိ ပြောမှာ သေချာတယ်။ စီးပွားရေးအခြေအနေ မကောင်းတဲ့ မိသားစုအများစုက ဒီလိုပဲ။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာနိုင်မယ့် နည်းလမ်းတစ်ခု ရှာတာက ပိုကောင်းလိမ့်မယ်။ အသက် (၁၈) နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ယောက်အတွက် ပိုက်ဆံရှာဖို့က သိပ်ခက်ခဲတယ်။ ဒါပေမဲ့ ပြန်လည်မွေးဖွားလာတဲ့ သူတစ်ယောက်အတွက်တော့ ပိုက်ဆံရှာတာက သိပ်ကို ရိုးရှင်းနေတုန်းပဲ။ လင်းလော့က သူသာ အခုချိန်မှာ ပွဲဦးထွက်ဖို့ဆန္ဒရှိရင် သူ့ခေါင်းထဲက အနာဂတ်မှတ်ဉာဏ်တွေအားလုံးနဲ့ဆို သူက ပြည်တွင်းအနုပညာလောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ယောက် အမြန်ဆုံး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့... ပြန်လည်မွေးဖွားလာပြီးမှတော့ ဘယ်သူက … Continue reading အခန်း (၃) : အတွင်းရေးမှူးကင်မ် ဘာဖြစ်နေတာလဲ
အခန်း (၂): အကြီးအကျယ် အသွင်ပြောင်းလဲရေး စီမံကိန်း
ခြေထောက်ကို မြေကြီးပေါ်မှာ (လက်တွေ့ကျကျ) ထားပါ။ လင်းလော့ ဝန်ခံရပါသည် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူတစ်ချိန်က ကျန်းရှင်းယင်ကို မုန်းတီးခဲ့ပြီး လက်စားချေဖို့ပင် တွေးခဲ့ဖူးသည်။ သို့သော် သူ့မိဘများ မတော်တဆမှု ဖြစ်ပွားခဲ့စဉ်က သူ့ကို ပိုက်ဆံဖြင့် ကူညီခဲ့သူမှာ သူမဖြစ်သည်။ တကယ်ကို သရော်စရာကောင်းလှသည်။ ယခု သူပြန်လည်မွေးဖွားလာသောအခါ လင်းလော့ သည် ကျန်းရှင်းယင်၏နောက်သို့ လိုက်ရန် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လက်လျှော့လိုက်သည်။ သို့သော် သူမကို လက်စားချေခြင်းမျိုး သူလုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ ဘာပဲပြောပြော သူတို့သည် အတူတကွ ကြီးပြင်းလာခဲ့သော ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြသည်။ ထိုအချစ်ရေး ရှုပ်ထွေးမှုလေးမှလွဲ၍ ကြီးမားသော အမုန်းတရားများ မရှိခဲ့ပေ။ ထို ယွမ်တစ်သန်း အတွက်ကို ထည့်တွေးလျှင်ပင် အတိတ်က အာဃာတများကို … Continue reading အခန်း (၂): အကြီးအကျယ် အသွင်ပြောင်းလဲရေး စီမံကိန်း
အခန်း (၁) ကျွန်တော့်ရဲ့ ရည်းစားဟောင်း
လူပြည့်နေတဲ့ KTV အခန်းထဲမှာ မှိန်ပြပြမီးရောင်တွေက တဖျပ်ဖျပ် လင်းနေပြီး သီချင်းသံစဉ်ရဲ့ စည်းချက်နဲ့အညီ တချို့က သစ်သီးပန်းကန်တွေ စားနေကြတယ် တချို့က အန်စာတုံး ခေါက်နေကြတယ် တချို့ကလည်း ဘီယာ သောက်နေကြတယ်… ဒါ ဘယ်နေရာလဲ။ငါ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ လင်းလော့က သူ့ရှေ့က အရာအားလုံးကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေမိတယ် သူ့အကြည့်တွေက နောက်ဆုံးမှာတော့ သူ့တစ်ဖက်ခြမ်းက ဆိုဖာပေါ်မှာ မှီထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ရပ်တန့်သွားတယ်။ သူမက ဒီမှာ ဘယ်လိုလုပ် ရောက်နေတာလဲ။ "လင်းလော့။" မိန်းကလေးက သူ့ကို အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်လိုက်တယ် သူမရဲ့ ရေခဲတမျှ အေးစက်လှပတဲ့ မျက်နှာလေးက နှင်းမခဲတဲ့ ပန်းပွင့်လေးတစ်ပွင့်လို လှပနေပေမယ့် သူမရဲ့ အသံကတော့ စိတ်မရှည်တဲ့ပုံ ပေါက်နေတယ် … Continue reading အခန်း (၁) ကျွန်တော့်ရဲ့ ရည်းစားဟောင်း
ပြန်လည်မွေးဖွားပြီးမှတော့ ဘယ်သူက အနုပညာရှင် ဆက်လုပ်ဦးမှာလဲ
ဝတ္ထုအကျဉ်းချုပ် "မင်းက ဘာလို့ မိန်းကလေးတွေအများကြီးနဲ့ ပတ်သက်နေရတာလဲ?" "လျှောက်မပြောနဲ့ ငါက သိပ်သစ္စာရှိတာ။" "မင်းက မိန်းကလေးတိုင်းအပေါ် သစ္စာရှိတာလား။" "မဟုတ်ဘူး ငါက မိန်းကလေးတွေကိုပဲ ကြိုက်တာ။" သင်လေးစားအားကျရတဲ့ နတ်သမီးလေးတစ်ပါးက ဘယ်လောက်တောင် တက်ကြွလှုပ်ရှားနိုင်လဲဆိုတာ သင်ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။ ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာတော့... လင်းလော့ တစ်ယောက် သိသွားခဲ့တယ်။
အခန်း (၈) : သူက အဆင့်တစ်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
နောက်တစ်နေ့မှာ လင်းထျန်းက ပုံမှန်လို ကျောင်းကိုစောစောမသွားဘဲ ရှစ်နာရီမထိုးခင်ရောက်ရင် လုံလောက်ပြီဖြစ်သည်။ဘာလို့လဲဆိုတော့ ဒီနေ့က လစဉ်စာမေးပွဲနေ့ဖြစ်နေလို့ပဲ။လစဉ်စာမေးပွဲက မနက်ရှစ်နာရီမှာစတယ်၊ မနက်ပိုင်းမှာ ဘာသာရပ်နှစ်ခု၊ နေ့လည်ပိုင်းမှာ တစ်ခု၊ ပြီးတော့ ညနေပိုင်းမှာ တစ်ခုဖြေရတယ်။ မနက်ရှစ်နာရီမှာ လင်းထျန်းက စာစစ်ခန်းကို အချိန်မီရောက်လာခဲ့တယ်။စာစစ်ခန်းက နည်းနည်းလေးနက်နေပုံရတယ်၊ ဒါက လစဉ်စာမေးပွဲတစ်ခုသာဖြစ်ပေမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးကပ်လာပြီဖြစ်တာကြောင့် စာစစ်ခန်းရဲ့ပြင်ဆင်မှုက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ စံနှုန်းတွေအတိုင်းပဲ။အတန်းတစ်ခန်းထဲမှာ လူသုံးဆယ်ထက်မပိုဘူး။ "ဒင်.. ဒေါင်…" ခေါင်းလောင်းထိုးတာနဲ့ စာစစ်ခန်းထဲက လူတိုင်းက စရေးကြပြီး ခန်းမတစ်ခုလုံးက အရမ်းတိတ်ဆိတ်သွားကာ လူတိုင်းက အသည်းအသန် ကြိုးစားဖြေဆိုနေကြတယ်။ သူ့လက်ထဲက သင်္ချာမေးခွန်းကိုကြည့်ရင်း လင်းထျန်းက ချက်ချင်းမရေးသေးဘဲ ဘယ်ညာလှန်လှောကြည့်လိုက်တယ်။မေးခွန်းကို လှန်လှောကြည့်ရင်း လင်းထျန်းက ပိုပြီးစိတ်အေးလက်အေးဖြစ်သွားခဲ့တယ်!ဒီမေးခွန်းတွေက အရမ်းလွယ်တယ်၊ ဘာအခက်အခဲမှမရှိဘူး။ သူပုစ္ဆာတွေကိုမြင်လိုက်တာနဲ့ အဖြေတွေက လင်းထျန်းရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့တယ်။ မေးခွန်းက … Continue reading အခန်း (၈) : သူက အဆင့်တစ်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ


