ကျဲန်အိုက်ရဲ့မျက်နှာက အေးစက်သွားတယ်။ သူမက လီယွင်မေဆီကို လျှောက်သွားပြီး သူမကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။ သူမက ညင်သာပြီး အေးစက်စွာနဲ့ "လီယွင်မေ၊ ဒီဗီဒီယိုဖိုင်တစ်ခုတည်းနဲ့တင် ငါနင့်ကို လူသတ်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာ နင်သိရဲ့လား။" ကျဲန်အိုက်ရဲ့စကားက လီယွင်မေကို ကြောက်လန့်သွားစေခဲ့တယ်။ သူမက ချက်ချင်းဆိုသလို ထိတ်လန့်တကြားနဲ့ "ငါလူမသတ်ပါဘူး… ငါ… နင် အခု အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်ရှိနေတာပဲ မဟုတ်ဘူးလား…" လျိုချွမ်းရှကလည်း ကြောက်လန့်ပြီး သတိလစ်မတတ်ဖြစ်သွားတယ်။ သူမက ဥပဒေအကြောင်းကို သိပ်မသိပေမဲ့ သူမသမီးက အရွယ်မရောက်သေးတော့ ရာဇဝတ်မှုဆိုင်ရာတာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမရှိဘူးဆိုတာကို သူမသိတယ်။ သူမက ချက်ချင်းရှေ့တိုးပြီး ရဲအရာရှိရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။ "ရဲအရာရှိရှင့်၊ ကျွန်မသမီးက ငယ်ပါသေးတယ်။ သူက အသိဉာဏ်မရှိသေးလို့ပါ။ ပြီးတော့ တခြားတစ်ဖက်ကလည်း ဘာမှမဖြစ်ဘူးမဟုတ်လား။ ဒီကိစ္စကို … Continue reading အခန်း (၂၄) : သူက ကလေးပဲရှိသေးတာ
Tag: ကျဲန်အိုက်
အခန်း (၂၃) : အခွင့်သာရင် လက်မလွှတ်
ကွမ်းထောင်နဲ့ ဆရာမလီတို့လည်း ကျဲန်အိုက်ရဲ့ရည်ရွယ်ချက်ကို နားလည်သွားကြတယ်။ ရက်အနည်းငယ်အကြာက ကျဲန်အိုက် ရေကန်ထဲပြုတ်ကျခဲ့ပြီး ဖျားနာလို့ ကျောင်းခွင့်ရက်အနည်းငယ်တောင် ယူခဲ့ရတယ်။ ဒါပေမဲ့ အတွင်းကြောင်းကိုမသိတဲ့ ဆရာမလီကတော့ ကျဲန်အိုက် သူ့ဘာသာသူပြုတ်ကျတယ်လို့ ထင်ခဲ့တာ။ ကွမ်းထောင်ကတော့ မတူဘူး။ လီယွင်မေက တွန်းချခဲ့တာဆိုတာကို သူသိတယ်။ "ဟုတ်ကဲ့ ဆရာမ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျဲန်အိုက် ရေကန်ထဲပြုတ်ကျခဲ့တာ တကယ်တော့ လီယွင်မေလုပ်တာပါ။ သူက ကျဲန်အိုက်ကို ရေကန်ထဲတွန်းချခဲ့တာ။" ကွမ်းထောင်က သဘောပေါက်သွားပြီး အမြန်ပြောလိုက်တယ်။ သူမက လီယွင်မေ ထွက်ပြေးသွားမှာကို စိုးရိမ်နေသလိုပဲ စိုးရိမ်ပူပန်နေခဲ့တယ်။ လူတိုင်းဒါကိုကြားတော့ တုန်လှုပ်သွားကြတယ်။ ကျဲန်အိုက်က အတန်း (၃) က ကျောင်းသူတစ်ယောက်ဖြစ်ပေမဲ့ ရှိနေတဲ့ဆရာမအားလုံးက သူမရေကန်ထဲပြုတ်ကျတဲ့အကြောင်းကို ကြားဖူးကြတယ်။ ဆရာတစ်ယောက်က ဖြတ်သွားရင်း အချိန်မီကယ်တင်ခဲ့တယ်လို့ သူတို့ကြားခဲ့တယ်။ နောက်တော့ သူမဖျားနာသွားတော့ … Continue reading အခန်း (၂၃) : အခွင့်သာရင် လက်မလွှတ်
အခန်း (၂၂) : ဝဋ်ဆိုတာ လည်တတ်တယ်
လူတစ်ယောက်က ရုတ်တရက် တိတ်ဆိတ်သွားတဲ့လေထုကို အကြောက်ဆုံးပဲ… စောင့်ကြည့်ဗီဒီယိုကို ကြည့်ပြီးနောက်မှာ လူတိုင်း တိတ်ဆိတ်သွားကြတယ်။ သူမသမီးအတွက် တရားမျှတမှုကိုရဖို့ အော်ဟစ်ဆူပူနေခဲ့တဲ့ လျိုချွမ်းရှတောင် ပါးစပ်ပိတ်သွားခဲ့တယ်။ မြင်ကွင်းက ရှင်းလင်းပြတ်သားနေခဲ့တယ်။ မျက်စိပါတဲ့ဘယ်သူမဆို ကျဲန်အိုက်က လီယွင်မေကို ထိတောင်မထိခဲ့ဘူးဆိုတာကို မြင်နိုင်တယ်။ ခဏအကြာမှာတော့ ကျောင်းအုပ်ကြီးဆွန်က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး "မဒမ်လျို၊ စောင့်ကြည့်ကင်မရာက လိမ်မပြောပါဘူး။ ကျဲန်အိုက်က လိမ်နေတာမဟုတ်ဘူးလို့ ထင်ပါတယ်။ ရှင့်သမီးရဲ့ဒဏ်ရာက သူမနဲ့ ဘာမှမဆိုင်ပါဘူး။" လျိုချွမ်းရှက စိတ်ဆတ်ပေမဲ့ သူမမှာ မာနတော့ရှိတယ်။ ခုနက သူမ ဘယ်လောက်ပဲ မောက်မာခဲ့ပါစေ၊ အခုတော့ သူမက အကျပ်အတည်းထဲမှာ ရောက်နေခဲ့ပြီ။ ဖောင်ဒေးရှင်းမှုန့်တွေ ဖုံးအုပ်ထားတဲ့ သူမမျက်နှာက နီရဲနေတာကို မဖုံးကွယ်နိုင်ခဲ့ဘူး။ သူမရဲ့အရင်က မောက်မာမှုတွေက ချက်ချင်းဆိုသလို ငြိမ်းသတ်ခံလိုက်ရတယ်။ "ဟုတ်ပါတယ်။ … Continue reading အခန်း (၂၂) : ဝဋ်ဆိုတာ လည်တတ်တယ်
အခန်း (၂၁) : ကိုယ့်သေတွင်းကိုယ်တူးခြင်း
လီယွင်မေက သူမဘယ်လိုဒဏ်ရာရခဲ့တယ်ဆိုတာကို ဘယ်သူထက်မဆို ပိုသိတယ်။ သူမအမေ ရဲခေါ်လိုက်တာကိုမြင်တော့ လီယွင်မေက ကြောက်လန့်ပြီး အမြန်ပြောလိုက်တယ်။ "မေမေ၊ မလုပ်ပါနဲ့…" "ရှောင်မေ၊ မကြောက်နဲ့။ မေမေရှိတယ်။ ဒီကိစ္စက မပြီးသေးဘူး!" လျိုချွမ်းရှက သူမသမီးစကားကို ဖြတ်ပြောလိုက်ပြီး ဖုန်းထဲကို ဆက်ပြောလိုက်တယ်။ "ဟုတ်ကဲ့၊ ပိုင်ယွင်မြို့က အာ့ကျုံးကျောင်းပါ။ ပါဝင်ပတ်သက်တဲ့သူတွေ ဒီမှာရှိပါတယ်။ မြန်မြန်လေး ကြွလာပေးပါရှင့်။" တခြားသူတွေက လျိုချွမ်းရှ ရဲခေါ်လိုက်တာကိုမြင်တော့ အချင်းချင်း မျက်နှာကြည့်လိုက်ကြတယ်။ ကျောင်းအုပ်ဖုန်းက တစ်ခုခုပြောချင်ပေမဲ့ ကျောင်းအုပ်ကြီးက သူ့ကိုတားလိုက်တယ်။ လျိုချွမ်းရှက ဆက်ဆံပြောဆိုရခက်တဲ့သူဖြစ်တယ်။ တခြားတစ်ဖက်က ကျောင်းကို ကျဲန်အိုက်ကို ကျောင်းထုတ်ခိုင်းချင်နေတာ ထင်ရှားနေတယ်။ ဒီလို အကြပ်အတည်းဖြစ်နေမယ့်အစား ရဲကိုပဲ ကိုင်တွယ်ခိုင်းလိုက်တာက ပိုကောင်းတယ်။ မျှတတဲ့ရလဒ်တစ်ခုတော့ ထွက်လာရမှာပဲ။ ကျဲန်အိုက်က သူမမျက်နှာပေါ်မှာ တည်ငြိမ်တဲ့အမူအရာနဲ့ ရှိနေခဲ့တယ်။ … Continue reading အခန်း (၂၁) : ကိုယ့်သေတွင်းကိုယ်တူးခြင်း
အခန်း (၂၀) : သူမ ရဲကိုတောင် ခေါ်လိုက်တယ်!
"ကျဲန်အိုက်၊ နင်ဘယ်သူ့ကို ဝက်လို့ခေါ်နေတာလဲ?!" လီယွင်မေက ကျဲန်အိုက်ရဲ့စကားထဲက လှောင်ပြောင်သရော်မှုကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။ သူမက ဒေါသထွက်လွန်းလို့ ဘီးတပ်ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်တယ်။ ဒါပေမဲ့ မတော်တဆ သူမရဲ့အကြောကို ထပ်ပြီးထိခိုက်သွားပြီး နာကျင်စွာနဲ့ ရှိုက်လိုက်မိတယ်။ "အို၊ ရှောင်မေ။ လျှောက်မလှုပ်နဲ့လေ။ သမီးလေး ဒဏ်ရာရထားတုန်းပဲ။" လျိုချွမ်းရှက ရှေ့ကိုအမြန်တိုးပြီး လီယွင်မေကို ထိုင်ခိုင်းလိုက်တယ်။ ကျဲန်အိုက်က တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်တယ်။ "သစ်ပင်ကိုဝင်တိုက်တဲ့သူက ဝက်ပဲပေါ့!" "ဒါကို နားထောင်ကြည့်စမ်း၊ နားသာထောင်ကြည့်!" လျိုချွမ်းရှက ဒေါသထွက်လွန်းလို့ သူမရဲ့လက်ချောင်းတွေက တုန်ယင်နေခဲ့တယ်။ သူမက ကျဲန်အိုက်ကို လက်ညှိုးထိုးပြီး ဆရာတွေကို ပြောလိုက်တယ်။ "သူမရဲ့သဘောထားကို ကြည့်စမ်းပါ။ သူက တောင်းပန်ဖို့လာတာလား။ ဟမ်؟" ဆရာမလီက လျိုချွမ်းရှရဲ့စွပ်စွဲမှုကို လျစ်လျူရှုလိုက်ပြီး ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။ "ကျောင်းအုပ်ကြီးဆွန်၊ … Continue reading အခန်း (၂၀) : သူမ ရဲကိုတောင် ခေါ်လိုက်တယ်!
အခန်း (၁၉) : ငါက ဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲ
လျိုချွမ်းရှရဲ့ စူးရှတဲ့အသံက လူတွေရဲ့နားစည်တွေကို တဒိန်းဒိန်းမြည်သွားစေတယ်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက အလိုလိုနေရင်း မျက်မှောင်ကြုတ်လိုက်မိကြတယ်။ သူတို့က လီယွင်မေရဲ့အမေအပေါ်မှာ ကောင်းတဲ့အမြင်မရှိဘူးဆိုတာ ထင်ရှားနေတယ်။ ဒီအမျိုးသမီးက ဒီလိုမျိုးပွဲဆူအောင်လုပ်နေတော့ လီယွင်မေသာ အားနည်းတဲ့သူဖြစ်နေရင်တောင် ဘယ်သူ့ရဲ့သနားကြင်နာမှုကိုမှ နှိုးဆွနိုင်မှာမဟုတ်ဘူး။ တစ်ဖက်မှာတော့ လီယွင်မေက ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး နစ်နာသွားတဲ့အမူအရာနဲ့ပေါ့။ သူမက ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်။ "မဒမ်လျို၊ ကျောင်းသူကျဲန်အိုက် ဒီကိုရောက်နေပြီဆိုတော့ ဒါက ကျွန်တော်တို့ကျောင်းက ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို သက်သေပြနေတာပါပဲ။" အဲ့ဒီအချိန်မှာ ကျောင်းအုပ်ကြီး ဆွန်ဘိုယိုက ရှေ့ကိုထွက်လာပြီး လီယွင်မေရဲ့အမေကို ပြောလိုက်တယ်။ "ရှင်က ရှင့်သမီးအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမဲ့ ဒါက ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတစ်ခုဖြစ်နေတော့ ကျောင်းတစ်ကျောင်းအနေနဲ့ ကျွန်တော်တို့ကိစ္စကို ရှင်းလင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သာ၍ကျွန်တော်တို့ကျောင်းက တာဝန်ပျက်ကွက်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ဘက်က တာဝန်ကို ဘယ်တော့မှ … Continue reading အခန်း (၁၉) : ငါက ဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲ
အခန်း (၁၈) : ကျောင်းကို တာဝန်ယူခိုင်းမယ်
ဆရာမလီက ကြောင်သွားတယ်။ သူမက ကျဲန်အိုက် ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်ခဲ့ဘူး။ "မင်းသူ့ကိုမထိဘူးဟုတ်လား။ ဒါဆို သူ့ခြေထောက်က ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ။" ကျဲန်အိုက်က မနေ့ကမြင်ကွင်းကို ပြန်တွေးမိတော့ ရယ်ချင်သွားတယ်။ ဒါပေမဲ့ ဆရာမလီက အခုသူမရဲ့အခြေအနေကို စိုးရိမ်နေတာကြောင့် ကျဲန်အိုက်က သူမရဲ့မျက်နှာအမူအရာနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး မနေ့ကဖြစ်ပျက်ခဲ့သမျှကို ဆရာမလီကို အကုန်ပြောပြလိုက်တယ်။ နောက်ဆုံးမှာတော့ ကျဲန်အိုက်က "ဆရာမ၊ အဲ့ဒီအခြေအနေမှာ ရှောင်တိမ်းတယ်ဆိုတာ လူ့ရဲ့ပင်ကိုယ်သဘာဝပဲလေ။ သူမကန်တာကို ဒီအတိုင်းရပ်စောင့်နေလို့မှ မဖြစ်တာ၊ ဟုတ်တယ်မလား။" ဆရာမလီ ဒါကိုကြားတော့ သက်ပြင်းချနိုင်တော့တယ်။ အကယ်၍ ကျဲန်အိုက်ပြောတာသာ အမှန်ဆိုရင် လီယွင်မေရဲ့ဒဏ်ရာက သူမရဲ့အလွန်အကျူးလုပ်ရပ်ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျဲန်အိုက်နဲ့ ဘာမှမဆိုင်ဘူး။ ကျဲန်အိုက်က တခြားမိန်းကလေးနှစ်ယောက်ကို ရိုက်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ဒီနေ့ကျောင်းကို လီယွင်မေရဲ့မိဘတွေပဲ ရောက်လာခဲ့တယ်။ လီယွင်မေရဲ့ကိစ္စကို … Continue reading အခန်း (၁၈) : ကျောင်းကို တာဝန်ယူခိုင်းမယ်
အခန်း (၁၇) : ကျောင်းအုပ်ကြီးရုံးခန်းသို့
မနက်ခင်းခေါင်းလောင်းသံ မြည်လာပြီး ဆူညံနေတဲ့လူအုပ်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့တယ်။ ဒါပေမဲ့ မျက်စိလျင်တဲ့ကျောင်းသားတွေက လီယွင်မေရဲ့ထိုင်ခုံက လွတ်နေတုန်းပဲဆိုတာကို သတိထားမိလိုက်ကြတယ်။ ကျဲန်အိုက်ကလည်း သဘာဝအတိုင်း မြင်လိုက်ပါတယ်။ သူမက လီယွင်မေက ဒီနေ့သူမကို နောက်တစ်ခါ ပြဿနာလာရှာဦးမယ်လို့ ထင်ထားခဲ့တာ။ ကျဲန်အိုက်က မနေ့က ခြေကားယားဖြစ်သွားပြီးနောက်မှာ သူမကိုယ်သူမ ဒဏ်ရာရသွားလောက်ပြီလို့ ခန့်မှန်းလိုက်တယ်။ ဒါကြောင့် သူမရဲ့ခြေထောက်တွေက ပြန်မကောင်းသေးလောက်တော့ သူမပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ "ကျဲန်အိုက်၊ ခဏလောက် အပြင်ထွက်လာခဲ့ဦး။" ကျောင်းသားတွေ စာကျက်နေတုန်းမှာပဲ အတန်းပိုင်ဆရာမ၊ ဆရာမလီက အတန်းတံခါးဝမှာ ပေါ်လာပြီး ကျဲန်အိုက်ကို လှမ်းခေါ်လိုက်တယ်။ ကျဲန်အိုက်က အခုအတန်းထဲမှာ အာရုံစိုက်ခံနေရတဲ့သူဖြစ်တယ်။ ဆရာမလီက သူမနာမည်ကို ခေါ်လိုက်ပြီးနောက်မှာတော့ ကျောင်းသားတွေက သူတို့ရဲ့အာရုံကို ကျဲန်အိုက်ဆီကို ချက်ချင်းပြောင်းလိုက်ကြတယ်။ ကျဲန်အိုက်က တစ်ခဏတော့ ကြောင်သွားပြီးမှ လက်ထဲကစာအုပ်ကို … Continue reading အခန်း (၁၇) : ကျောင်းအုပ်ကြီးရုံးခန်းသို့
အခန်း (၁၆) : ဇာတ်ခုံထက်သို့
ကျဲန်ယွီက မျက်နှာနီရဲပြီး စကားထစ်သွားတယ်။ သူက ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘူး။ ကျဲန်အိုက်က ပိုပြီးတော့တောင် သေချာသွားပေမဲ့ သူမအစ်ကို ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်သလဲဆိုတာကိုလည်း စပ်စုချင်စိတ်ဖြစ်သွားတယ်။ "ရှောင်အိုက်၊ ပန်းကန်နဲ့တူတွေ သွားယူလိုက်ဦး။" ဝမ်ယွင်မေရဲ့အသံက မီးဖိုချောင်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။ ကျဲန်ယွီက အခြေအနေကို အခွင့်ကောင်းယူပြီး မီးဖိုချောင်ထဲကို ဝင်သွားဖို့ကြိုးစားပေမဲ့ ကျဲန်အိုက်က သူ့ကိုဆွဲထားလိုက်တယ်။ ကျဲန်အိုက်က ယွမ်ငါးရာကို ကျဲန်ယွီရဲ့အိတ်ကပ်ထဲကို ထိုးထည့်လိုက်ပြီး "အခု အစ်ကို့မှာ ရည်းစားရှိနေပြီဆိုတော့ ပိုက်ဆံပိုပြီးလိုမှာပေါ့။ ငါ့အစ်ကိုက မိန်းကလေးပိုက်ဆံကို သုံးတာမျိုးတော့ အဖြစ်မခံနိုင်ဘူး!" ကျဲန်ယွီ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် ရည်းစားထားဖူးတာပဲ။ အိမ်ပြန်ရောက်တာနဲ့ သူ့ညီမက ဖော်ထုတ်လိုက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ့လက်ထဲက ယွမ်ငါးရာကိုကိုင်ပြီး ဘာပြောရမှန်းမသိဖြစ်နေခဲ့တယ်။ သူ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ … Continue reading အခန်း (၁၆) : ဇာတ်ခုံထက်သို့
အခန်း (၁၅) : ရည်းစားထားနေတာမလား?!
တစ်ခဏတော့ ကျဲန်အိုက်က ကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ခုကို မစဉ်းစားနိုင်ခဲ့ဘူး။ သူမ ရှုံးနိမ့်သွားသလို ခံစားလိုက်ရပေမဲ့ သူမမှာရှိတဲ့ပိုက်ဆံက အကန့်အသတ်နဲ့ပဲ။ သုံးလိုက်ရင် ကုန်သွားမှာဖြစ်လို့ သူမက တစ်ခါတည်းနဲ့ အကြီးအကျယ်ရဖို့ လိုတယ်။ ဧည့်ခန်းထဲကနေ ကျဲန်ယွီရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။ သူမအစ်ကိုပြန်ရောက်လာပြီဆိုတာကြားတော့ ကျဲန်အိုက်က သူမရဲ့အတွေးတွေကို သိမ်းဆည်းလိုက်ပြီး အိပ်ရာပေါ်က ပိုက်ဆံတွေကို နေရာတကျပြန်ထားလိုက်တယ်။ "အစ်ကို!" ကျဲန်အိုက်က အခန်းထဲကနေထွက်ပြီး သူ့ဆီကို သွားလိုက်တယ်။ ဒါပေမဲ့ သူမ ဘာမှမပြောနိုင်ခင်မှာပဲ ကျဲန်ယွီက သူမကို ဧည့်ခန်းဆီသို့ ဆွဲခေါ်သွားတယ်။ ကျဲန်အိုက်က ကျဲန်ယွီကို စပ်စုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ အစ်ကို။" ကျဲန်ယွီက လျှို့ဝှက်ဆန်းကြယ်တဲ့အပြုံးတစ်ခုကို ပြုံးပြလိုက်တယ်။ ပြီးတော့ သူက သူ့အိတ်ကပ်ထဲကနေ ပိုက်ဆံတစ်ထပ်ကို ထုတ်ပြီး ကျဲန်အိုက်ရဲ့လက်ထဲကို ထိုးထည့်ပေးလိုက်တယ်။ "ငါလစာထုတ်လာပြီ။ ဒါတွေ … Continue reading အခန်း (၁၅) : ရည်းစားထားနေတာမလား?!

