အိမ်ပြန်ရောက်တော့ ဝမ်ယွင်မေက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတယ်။ တံခါးဖွင့်သံကြားတော့ သူမသမီး ပြန်လာပြီဆိုတာ သိလိုက်တယ်။ "ရှောင်အိုက်၊ ကျောင်းဆင်းပြီလား! မေမေ သမီးအတွက် ကျွဲကောသီးဝယ်ထားတယ်။ စားလိုက်ဦးနော်။ ညစာက ခဏနေရင် ရတော့မယ်။ သားကြီးလည်း ညစာပြန်လာစားလိမ့်မယ်။" ကျဲန်အိုက်က သူမရဲ့ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်လိုက်ပြီး ဖိနပ်ပါးလေးနဲ့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။ ဝမ်ယွင်မေက ငါးခူတစ်ကောင်ကို သန့်စင်နေတယ်။ ကျဲန်အိုက်က ရှေ့ကိုတိုးပြီး ကြည့်လိုက်တယ်။ "မေမေ၊ ငါးပေါင်းလုပ်မလို့လား။" ဝမ်ယွင်မေက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်။ သားကြီးက စားချင်တယ်လို့ မှာထားတာ။ ဝက်နံရိုးလည်း ဝယ်ထားတယ်။ သမီးဘယ်လိုစားချင်လဲ။ ချိုချဉ်ကြော်စားမလား။" "ကောင်းသားပဲ" ကျဲန်အိုက်က ပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်တယ်။ "အပြင်ထွက်ပြီး စောင့်နေလိုက်ဦး။ သားကြီးလည်း မကြာခင်ပြန်ရောက်တော့မှာပါ။" ကျဲန်အိုက်က သူမအခန်းထဲကို ပြန်လာပြီး … Continue reading အခန်း (၁၄) : ပထမဆုံး ရည်မှန်းချက်: ပိုက်ဆံရှာဖို့!
Tag: ကျဲန်အိုက်
အခန်း (၁၃) : အရင်ဘဝနဲ့ မတူညီတဲ့ဘဝတစ်ခု
အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့တယ်။ ပွဲကြည့်ပရိသတ်တွေ အသင့်မဖြစ်သေးခင်မှာပဲ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ ဖြစ်စဉ်တစ်ခုလုံးက တစ်မိနစ်တောင်မကြာလိုက်ဘဲ လီယွင်မေနဲ့ သူမအဖွဲ့က တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။ "သေစမ်း။ ဒီကောင်မလေးက သိုင်းပညာရှင်ပဲ။ သူ့ရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်လျှင်မြန်တယ်။" "အဲ့ဒီကောင်မလေးနာမည်က လီယွင်မေတဲ့။ ပထမနှစ်မှာ တော်တော်လေးနာမည်ကြီးတယ်။ ကျောင်းအပြင်ဘက်မှာ သူ့ကိုကျောထောက်နောက်ခံပေးနေတဲ့သူတစ်ယောက်ရှိတယ်လို့ ကြားတယ်၊ ဒါကြောင့် ဘယ်သူမှ သူ့ကိုသွားမစရဲဘူး။" "ဟားဟား၊ အခုတော့ အရေးယူခံလိုက်ရပြီ မဟုတ်လား။ လူငါးယောက်ကို လူနှစ်ယောက်က မထနိုင်အောင် ရိုက်ပစ်လိုက်တယ်! တကယ်ရယ်စရာပဲ။" "သူတို့ လူမှားပြီး ရန်သွားစခဲ့တာဖြစ်မယ်။ လူအင်အားများတာကို အခွင့်ကောင်းယူပြီး တခြားသူတွေကို အနိုင်ကျင့်ပေမဲ့ တခြားတစ်ဖက်က သိုင်းတတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးပေါ-့။ ခုနက အကွက်တွေကို မင်းတို့မမြင်လိုက်ဘူးလား။ မြန်ဆန်ပြီး တိကျလိုက်တာ။ တကယ်ကို ကျေနပ်စရာကောင်းလိုက်တာ!" အာ့ကျုံးကျောင်းက … Continue reading အခန်း (၁၃) : အရင်ဘဝနဲ့ မတူညီတဲ့ဘဝတစ်ခု
အခန်း (၁၂) : သတ်ပုတ်ခြင်း
လီယွင်မေက ကျဲန်အိုက်က သူမကို ပြန်လည်ခုခံရဲတဲ့အပြင် လှောင်ပြောင်သရော်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူမက ချက်ချင်းဆိုသလို စော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။ တစ်တန်းလုံးမှာ ဘယ်သူကမှ သူမကို ဒီလိုပြောရဲတာမျိုး မရှိခဲ့ဘူး။ "ကျဲန်အိုက်၊ ငါထင်တယ် နင်က သေချင်နေပြီထင်တယ်။ ဒီနေ့ ငါနင့်ကို ငါ့ကိုစော်ကားခြင်းရဲ့အကျိုးဆက်က ဘာလဲဆိုတာ နားလည်သွားအောင် လုပ်ပြမယ်!" လီယွင်မေက သူမရဲ့လွယ်အိတ်ကို ပစ်ချလိုက်ပြီး ချက်ချင်းဆိုသလို လူမိုက်မတစ်ယောက်အသွင် ပြောင်းသွားတယ်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး "ရိုက်ကြစမ်း!" မိန်းကလေးလေးယောက်က ဘာစကားမှမပြောဘဲ ရှေ့ကိုပြေးဝင်လာကြတယ်။ ဒါပေမဲ့ ကျဲန်အိုက်မှာ ထွက်ပြေးဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ အဲဒီအစား သူမက နောက်ဆုတ်မယ့်အစား ရှေ့ကိုတိုးဝင်လိုက်တယ်။ သူမရဲ့မျက်လုံးတွေက အေးစက်သွားပြီး ရှေ့ကိုပြေးဝင်သွားခဲ့တယ်။ သူတို့က ကျောင်းကနေ ထွက်လာခါစပဲရှိသေးတာကြောင့် အုပ်စုနှစ်စု ရန်ဖြစ်ကြတော့ ကျောင်းဆင်းခါစ အာ့ကျုံးကျောင်းက … Continue reading အခန်း (၁၂) : သတ်ပုတ်ခြင်း
အခန်း (၁၁) : ဒါက မင်းရဲ့ကျေးဇူးကြောင့်ပဲ
မူလကတော့ ကျဲန်အိုက်က ဒီလိုအကြောင်းအရာတွေကို တခြားသူတွေကို ရှင်းပြချင်စိတ်မရှိခဲ့ဘူး။ ဟုတ်တယ်ဆိုရင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုရင် မဟုတ်ဘူးပဲလေ။ ဒါပေမဲ့ တစ်ချက်ပြန်စဉ်းစားကြည့်လိုက်တော့ တခြားသူတွေက ကောလာဟလအမှားတွေဖြန့်ပြီး အတင်းအဖျင်းတွေ ဖန်တီးနေမယ့်အစား ရွှီကျားကျားရဲ့ ပါးစပ်ကိုအသုံးချပြီး အမှန်တရားကို ဖြန့်လိုက်တာက ပိုကောင်းလိမ့်မယ်လို့ တွေးလိုက်မိတယ်။ ဒါမှ သူမလည်း စိတ်သက်သာရာရသွားမှာပေါ့။ ဘာပဲဖြစ်ဖြစ် လင်ယိမှာ သူ့ကိုသဘောကျတဲ့သူတွေ မနည်းမနောပဲ။ သူတို့နဲ့ ရင်ဆိုင်ဖြေရှင်းရတာက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ဒီလိုတွေးလိုက်မိတာနဲ့ ကျဲန်အိုက်က လုပ်နေတာတွေကို ရပ်လိုက်ပြီး ရွှီကျားကျားကို အတည်ပေါက်ကြည့်လိုက်တယ်။ "နင်က ဒီကိစ္စကို တကယ်ပဲ အပိုတွေတွေးနေတာ။ လင်ယိက ငါ့ကို နေ့လယ်စာဝယ်ပေးတာက ငါ့ကိုတောင်းပန်ချင်လို့သက်သက်ပဲ။ နင်ထင်သလောက် စိတ်လှုပ်ရှားစရာမကောင်းပါဘူး။ နင့်ကို စိတ်ပျက်စေမိရင်တော့ တောင်းပန်ပါတယ်။" ရွှီကျားကျားက တစ်ခဏတော့ ကြောင်သွားပြီးမှ ကြောင်ငေးနေရာကနေ သတိပြန်ဝင်လာတယ်။ … Continue reading အခန်း (၁၁) : ဒါက မင်းရဲ့ကျေးဇူးကြောင့်ပဲ
အခန်း (၁၀) : တစ်ယောက်ကလည်း လုပ်ချင်၊ တစ်ယောက်ကလည်း ခံချင်
တစ်ဖက်မှာတော့ လင်ယိက ထမင်းစားရင်း ကျဲန်အိုက်ကို မကြည့်ဘဲမနေနိုင်ခဲ့ဘူး။ စားပွဲတစ်လုံးတည်းမှာ လူသုံးယောက်ထိုင်နေကြတယ်။ သူတို့ထဲကတစ်ယောက်က မျက်မှန်တပ်ထားပြီး အရပ်ရှည်ရှည်ပိန်ပိန်နဲ့ အလွန်ယဉ်ကျေးတဲ့ပုံပေါက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်။ သူ့နာမည်က ကောင်းရန်။ နောက်တစ်ယောက်က ကြေးညိုရောင်အသားအရေနဲ့ ဆံပင်တိုတိုနဲ့ သပ်သပ်ရပ်ရပ်ရှိတယ်။ သူက သန်မာတောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ယန်ထျန်းလို့ခေါ်တယ်။ နောက်ထပ် ဆံပင်တိုနဲ့ အရမ်းချောတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိသေးတယ်။ သူမနာမည်က ရှရှန့်ဟွမ်ဖြစ်ပြီး ယန်ထျန်းရဲ့ချစ်သူပဲ။ သူတို့သုံးယောက်က လင်ယိရဲ့အတန်းဖော်တွေဖြစ်ပြီး ကျောင်းမှာ ခွဲလို့မရတဲ့သူတွေပဲ။ သူတို့အားလုံးက ကျောင်းမှာ တော်တော်လေး နာမည်ကြီးတဲ့သူတွေ ဖြစ်ကြတယ်။ လင်ယိက သူ့အာရုံကို အဝေးက ကျဲန်အိုက်ဆီမှာ စူးစိုက်ထားတော့ သူတို့သုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ဘဲမနေနိုင်တော့ဘူး။ ယန်ထျန်းက သူ့တူနဲ့ လင်ယိရဲ့ပန်းကန်ကို ခေါက်လိုက်တယ်။ "ဟေး၊ ဟေး… မင်းဘာဖြစ်နေတာလဲ။ အဲ့ဒီအရူးမလေးကို … Continue reading အခန်း (၁၀) : တစ်ယောက်ကလည်း လုပ်ချင်၊ တစ်ယောက်ကလည်း ခံချင်
အခန်း (၉) : အလကားထမင်းလက်မှတ်၊ မသုံးရင် နှမြောစရာကြီး
ကျဲန်အိုက်က အားနာနေမှာ မဟုတ်ဘူး။ သာ၍သူမသာ အားနာတတ်ရင် လင်ယိကို တစ်လစာ နေ့လယ်စာဝယ်ကျွေးခိုင်းမှာ မဟုတ်ဘူး။ ဘာမှမစဉ်းစားဘဲ ကျဲန်အိုက်က အဒေါ်ကြီးကို ပြောလိုက်တယ်။ "အန်တီ၊ အာလူးကင်နဲ့ အမဲသားတစ်ပွဲ၊ အသားလုံးပေါင်း၊ အာလူးကြော်နဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥကြော် ပေးပါ။" အာလူးကင်နဲ့ အမဲသား၊ အသားလုံးပေါင်းတွေက ကန်တင်းထဲက ဈေးအကြီးဆုံး အသားဟင်းတွေပဲ။ လက်သီးဆုပ်အရွယ် အသားလုံးတစ်လုံးကို သုံးယွမ်ကနေ ငါးယွမ်အထိ ရောင်းတယ်။ ကျဲန်အိုက်က အရင်တုန်းက ဘယ်တော့မှ ဒါကို ဝယ်မစားခဲ့ဖူးဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာတောင် သူမက အထက်တန်းကျောင်းက အသားလုံးရဲ့အရသာကို အရမ်းသိချင်နေတုန်းပဲ။ အခု သူမအတွက် ပိုက်ဆံရှင်းပေးမယ့်သူတစ်ယောက်ရှိနေတော့ ကျဲန်အိုက်က အရင်ဘဝက နောင်တတွေကို ပြန်လည်ဖြည့်ဆည်းပြီး ဒီအသားလုံးပေါင်းကို မြည်းစမ်းကြည့်ချင်တာ သဘာဝပါပဲ။ လင်ယိက ဘာမှမပြောဘဲ ရက်ရက်ရောရော … Continue reading အခန်း (၉) : အလကားထမင်းလက်မှတ်၊ မသုံးရင် နှမြောစရာကြီး
အခန်း (၈) : ငါ့ကို အားနာစရာမလိုဘူး
လင်ယိက အတန်း (၃) ကိုသွားပြီး ကျဲန်အိုက်ကို ရှာခဲ့တဲ့သတင်းက မီးလို ပျံ့နှံ့သွားခဲ့တယ်။ ကျောင်းထဲက လူတိုင်းနီးပါး ဒီအကြောင်းကို သိသွားကြတယ်။ ကောလာဟလတွေ နေရာအနှံ့ ပျံဝဲနေပေမဲ့ သူတို့နှစ်ယောက် ဘာတွေပြောခဲ့ကြသလဲဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။ နေ့လယ်ခင်း၊ ကျောင်းကန်တင်းထဲမှာ။ အာ့ကျုံးကျောင်းရဲ့ ကန်တင်းက ကျောင်းရဲ့ ညာဘက်ခြမ်းမှာ တည်ရှိတယ်။ ဧရိယာကျယ်ဝန်းတဲ့ နှစ်ထပ်အဆောက်အဦးတစ်ခုဖြစ်ပြီး ဟင်းလျာတွေကလည်း အလွန်စုံလင်တယ်။ ထမင်း၊ ဟင်းသီးဟင်းရွက်ကြော်၊ ပေါက်စီနဲ့ ခေါက်ဆွဲတွေအပြင် 'ရောကြားမော့'၊ မာလာဟင်းလိုမျိုး ဒေသထွက် အထူးအစားအစာအမျိုးမျိုးလည်း ရှိတယ်။ အရသာကလည်း ကောင်းမွန်တယ်။ လင်ယိက ကန်တင်းဝင်ပေါက်မှာရပ်နေရင်း လူအုပ်ထဲက ကျဲန်အိုက်ကို အဝေးကနေ လှမ်းမြင်လိုက်တယ်။ အရင်လိုပဲ သူမက သပ်ရပ်စွာမီးပူတိုက်ထားတဲ့ ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီး ရိုးရှင်းတဲ့မြင်းမြီးပုံစံ ဆံပင်စည်းထားတယ်။ ဒါပေမဲ့ လင်ယိရဲ့အမြင်မှာတော့ ကျဲန်အိုက်က … Continue reading အခန်း (၈) : ငါ့ကို အားနာစရာမလိုဘူး
အခန်း (၇) : တောင်းပန်ရင် စေတနာပါဖို့လိုတယ်
လင်ယိက အရင်အတိုင်းပဲဖြစ်ပေမဲ့ ကျဲန်အိုက်ကတော့ အရင်လို စိတ်အားထက်သန်မှု မရှိတော့ဘူး။ "ဘာကိစ္စလဲ။" ကျဲန်အိုက်က ပထမဆုံး စကားစလိုက်တယ်။ သူမရဲ့လေသံမှာ အတက်အကျသိပ်မရှိဘဲ အချစ်စာကိစ္စက သူမကို ဘာမှမထိခိုက်စေခဲ့သလိုပါပဲ။ လင်ယိက မျက်ခုံးကို အနည်းငယ်တွန့်လိုက်တော့ လူငယ်တစ်ယောက်လို ရင့်ကျက်တဲ့ပုံ ပေါက်သွားတယ်။ သူက ကျဲန်အိုက်ကို အကဲခတ်ကြည့်လိုက်ပြီးမှ "ငါ ခုနက မြင်လိုက်တယ်။ လီယွင်မေက မင်းကို နောက်တစ်ခါ ပြဿနာလာရှာပြန်ပြီဟုတ်လား။" သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်ယိက ဆက်ပြောတယ်။ "အစကတည်းက ဒီလောက်ဒုက္ခတွေများသွားမယ်လို့ ငါမထင်ခဲ့ဘူး။ မင်း ရေကန်ထဲ တွန်းချခံခဲ့ရတာကိုလည်း ငါသိတယ်၊ ဒါတွေအားလုံးက ငါ့အမှားကြောင့်ပဲ။ ဒါကြောင့်မို့ မင်းဒီလိုအနိုင်ကျင့်ခံနေရတာ။" "ဒါတွေအားလုံးက မင်းကြောင့်မှန်း သိရင်၊ ငါနဲ့ဝေးဝေးမှာ ဘာလို့မနေတာလဲ။ ဒါမှ စိတ်ဓာတ်သေးသိမ်တဲ့လူတွေ မမြင်တော့မှာ၊ သူတို့ငါ့ကို ဒုက္ခပိုမပေးတော့မှာပေါ့။" … Continue reading အခန်း (၇) : တောင်းပန်ရင် စေတနာပါဖို့လိုတယ်
အခန်း (၆) : ဒါက နင်နဲ့ ဘာဆိုင်လို့လဲ
ကျဲန်အိုက်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး လီယွင်မေကို ဘာခံစားချက်မှမပါဘဲ ကြည့်လိုက်တယ်။ ပြီးတော့ သူမက အတန်းထဲက လူတိုင်းကြားနိုင်လောက်တဲ့ အသံကျယ်ကျယ်နဲ့ လီယွင်မေကို ပြောလိုက်တယ်။ "လင်ယိက ငါ့ကို အချစ်စာပေးတာဖြစ်ဖြစ်၊ မပေးတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာကြောင့်ပေးတာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက နင်နဲ့ ဘာဆိုင်လို့လဲ။" လီယွင်မေ စကားပြန်မပြောခင်မှာပဲ ကျဲန်အိုက်က နှာခေါင်းထဲကနေ အေးစက်စက် ရယ်သံတစ်ချက်ပြုလိုက်ပြီး ဆက်ပြောလိုက်တယ်။ "ဒါမှမဟုတ် နင်က လင်ယိကို ကြိုက်နေတာလား။ ဒါကြောင့် အရမ်းဒေါသထွက်နေတာလား။ မနာလိုဖြစ်ပြီး ငါ့ကို ကျောင်းရေကန်ထဲ တွန်းချခဲ့တာလား။" ကျဲန်အိုက် ရေကန်ထဲကျသွားတာကို လူတိုင်းသိပေမဲ့ လီယွင်မေ တွန်းချခဲ့တာကိုတော့ လူတိုင်းမသိဘူး။ အခု ကျဲန်အိုက်က ဒီလို ပေါ့ပေါ့ပါးပါး ပြောချလိုက်တော့ လီယွင်မေတောင် အနည်းငယ် မျက်နှာပူသွားတယ်။ သူမက ချက်ချင်းဆိုသလို … Continue reading အခန်း (၆) : ဒါက နင်နဲ့ ဘာဆိုင်လို့လဲ
အခန်း (၅) : အတန်းထဲက အနိုင်ကျင့်ဘုရင်မ
ကျဲန်အိုက်က ပထမနှစ်၊ အတန်း (၃) ၏ အတန်းရှေ့မှာ မရပ်ဘဲမနေနိုင်ခဲ့ဘူး။ ကျောင်းသားတွေက အတန်းထဲမှာ စကားပြောရယ်မောနေကြတယ်။ အရာအားလုံးက ကျဲန်အိုက်အတွက် တကယ်မဖြစ်သလိုလိုနဲ့ တကယ်ဖြစ်နေသလိုလို ခံစားရစေတယ်။ သူမ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တယ်။ ကျောင်းသားတွေက တံခါးဝမှာ ရပ်နေတဲ့ ကျဲန်အိုက်ကို မြင်လိုက်ရတော့ အားလုံး စကားပြောတာကို ရပ်တန့်သွားကြတယ်။ ဒါက ချက်ချင်းဆိုသလို အထီးကျန်သွားစေတဲ့ တုံ့ပြန်မှုမျိုးပဲ။ သူတို့ထဲက တချို့ဆိုရင် သူတို့ရဲ့ မျက်နှာအမူအရာတွေကို ပြန်မသိမ်းနိုင်ခင်မှာပဲ ဖြစ်သွားခဲ့တယ်။ ကျဲန်အိုက်က စိတ်ထဲမှာ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ ဒီမြင်ကွင်းနဲ့ သူမက အရမ်းကို ရင်းနှီးနေခဲ့ပြီ။ အထက်တန်းကျောင်း သုံးနှစ်တာကာလပတ်လုံး သူမက ဘယ်တုန်းကမှ တကယ်တမ်း ပေါင်းစည်းဝင်ဆံ့နိုင်ခြင်းမရှိခဲ့တဲ့ ပြင်ပလူတစ်ယောက်လိုပါပဲ။ ခဏအကြာမှာတော့ ကျောင်းသားတွေက ကိုယ့်အလုပ်ကိုယ် … Continue reading အခန်း (၅) : အတန်းထဲက အနိုင်ကျင့်ဘုရင်မ
