ကျန်းနန်မြို့၏ အနောက်ဘက်တွင် တည်ရှိသော ယွိလျန် တောင်သည် ဤ သံမဏိဖြင့် တည်ဆောက်ထားသော မြို့ကြီးထဲက ရှားရှားပါးပါး စိမ်းလန်းသော နေရာများထဲမှ တစ်ခု ဖြစ်သည်။ တောင်လယ်က စံအိမ်ကြီး တစ်ခု။ ပိုင်ရှင်အသစ် လာမည်ကို သိသဖြင့် စံအိမ်ထဲက အစေခံများနဲ့ ကိုယ်ရံတော်များက သူ့ကို ကြိုဆိုရန် တံခါးအပြင်ဘက်တွင် ရပ်စောင့်နေကြသည်။ ဆယ်မိနစ်ခန့် အကြာတွင် ကားတန်းကြီးတစ်တန်း ဖြည်းညင်းစွာ မောင်းတက်လာပြီး နောက်ဆုံးတွင် ဝင်ပေါက်၌ ရပ်တန့်လိုက်သည်။ အားလုံက ကားထဲက အရင် ထွက်လာပြီး နောက်ခန်းထဲက ဆူရွှင့်နဲ့ အန်ကျီချင်တို့အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။ "သခင်လေး မင်္ဂလာပါ။" ဆူရွှင့်ကို မြင်သည်နှင့် စံအိမ်တံခါးဝမှ ကိုယ်ရံတော်များနှင့် အစေခံများက ခါးကိုင်း အရိုအသေပေးကာ တစ်သံတည်း နှုတ်ဆက်လိုက်ကြသည် … Continue reading အခန်း ၁၂: ယွိလျန် တောင်ပေါ်က ဇိမ်ခံ စံအိမ်ကြီး
Tag: ဆူရွှင့်
အခန်း ၁၀: ဝယ်ယူရေး ကန်ထရိုက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း
"အန်တီ အခု ကျွန်တော်က ကျီချင်နဲ့ ထိုက်တန်ရဲ့လား?" ဆူရွှင့်က လီရှို့နဲ့ အန်ကျန့်ယွင်ကို သူ့မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခုနဲ့ ကြည့်လိုက်တယ် ယဉ်ကျေးပြီး နှိမ့်ချနေပေမဲ့ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားနေသည်။ လီရှို့က မျက်နှာ အနေရခက်သွားပြီး နှုတ်ခမ်း လှုပ်ရှားလိုက်ပေမဲ့ နောက်ဆုံးတော့ ဘာမှ မပြောဖြစ်တော့ဘူး။ အကယ်၍ ဆူရွှင့်က အန်ကျီချင်နဲ့ မထိုက်တန်ဘူး ဆိုရင်... ဒါဆို ဒီ ကျယ်ပြန့်လှတဲ့ ကျန်းနန်မြို့ကြီးထဲမှာ သူမနဲ့ ထိုက်တန်နိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ နာကျင်စေတဲ့ စကားတွေ ပြောဖို့ ဆိုရင်တော့ သူမ အဲ့လို လုပ်မှာ မဟုတ်ဘူး။ သူမက စိတ်လိုက်မာန်ပါ လုပ်တဲ့ အရွယ်ကို ကျော်လွန်လာခဲ့ပြီ သူမက ဒေါသကို မထိန်းနိုင်တဲ့ လူငယ် … Continue reading အခန်း ၁၀: ဝယ်ယူရေး ကန်ထရိုက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း
အခန်း ၉: ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။
"တောင်းပန်ပါတယ် ခင်များက ကျီချင်ရဲ့ အဖေ ဖြစ်နေရင်တောင်မှ ကျွန်တော် ဒီတောင်းဆိုမှုကို ခွင့်မပြုနိုင်ပါဘူး။" ဆူရွှင့်က ခေါင်းခါလိုက်ပြီး သူ့လေသံက တည်ငြိမ်နေသည်။ သူက အရင်ကလို လူ မဟုတ်တော့ဘဲ သူ ပြောလိုက်တဲ့ စကားလုံးတိုင်း အပြုအမူတိုင်းက ယုံကြည်မှုတွေ ထုတ်လွှတ်နေသည်။ အန်နန်ထျန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဒီဆင်းရဲသား ကောင်လေးက သူ့ရှေ့မှာ ဤမျှလောက် တည်ငြိမ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဒါက ကိုယ့်ရဲ့ ကန့်သတ်ချက်ကို မသိတဲ့ မသိနားမလည်မှု သက်သက်လား ဒါမှမဟုတ် မျက်နှာပြောင်တိုက်လွန်းတာလား? လီရှို့က တင်းမာသော မျက်နှာဖြင့် ပြောလိုက်သည် "ဆူရွှင့် ဟုတ်တယ်မလား? ငါတို့ မင်းအကြောင်းကို သိနေတာ ကြာပြီ ဒါပေမဲ့ မင်းက ကိုယ့်နေရာကိုယ် သိတဲ့ … Continue reading အခန်း ၉: ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။
အခန်း ၈: အန် မိသားစုနှင့် မကောင်းသော ပထမဆုံး တွေ့ဆုံမှု
နှစ်ယောက်သား ကန်တင်းမှာ သူတို့ရဲ့ ကြင်နာမှုတွေကို ထုတ်ဖော်ပြသပြီးတဲ့နောက် သူတို့ ကျောင်းရဲ့ ပန်းခြံလေးဆီကို သွားခဲ့ကြတယ်။ ကျန်းကျိုး တက္ကသိုလ်က ကျန်းကျိုးပြည်နယ်ရဲ့ အမြင့်ဆုံး ပညာသင်ကြားရေး ဌာနတစ်ခုအနေနဲ့ ဧရိယာ ကျယ်ကြီးကို လွှမ်းခြုံထားပြီး ပန်းခြံ သုံးခု အပါအဝင် ပြည့်စုံတဲ့ အထောက်အပံ့တွေ ရှိတယ်။ "ကျီချင် မင်းအဖေက ချင်ယွင် အင်တာနေရှင်နယ်ရဲ့ အရင် ဥက္ကဌ ကျောက်ချန်မင်နဲ့ ဘာ ရန်ငြိုးတွေ ရှိလဲ မင်း သိလား?" ခုံတန်းပေါ်မှာ ဆူရွှင့်နဲ့ အန်ကျီချင်တို့ ဘေးချင်းကပ် ထိုင်နေကြတယ် သူ့ပတ်ဝန်းကျင်က သင်းပျံ့တဲ့ ရနံ့လေးကို ရှူရှိုက်ရင်း ဒါက သူ့နှလုံးသားကို လှုပ်ရှားစေတယ်။ ဘာပဲဖြစ်ဖြစ် သူ ဒီလောက် အသက်ရှင်လာတာတောင် သူက လူပျို (ω)။ … Continue reading အခန်း ၈: အန် မိသားစုနှင့် မကောင်းသော ပထမဆုံး တွေ့ဆုံမှု
အခန်း ၇: လူပုံအလယ်မှာ ခွေးတစ်ကောင်ကို သတ်ပစ်ခြင်း
ဥက္ကဌ ရုံးခန်း။ "အဲ့ဒီ ထိုက်ရှန် လုပ်ငန်းစု ပရောဂျက်အကြောင်း အချက်အလက်တွေ ကျွန်တော့်ကို ပြပါ။" ဆူရွှင့်က သူ့စားပွဲခုံနောက်မှာ ထိုင်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ လျောင်ယွီကို ပြောလိုက်သည်။ သူက ရရှိလာတဲ့ အထောက်အထားရဲ့ မှတ်ဉာဏ်တွေကို အမွေဆက်ခံခဲ့ပေမဲ့ ချင်ယွင် လုပ်ငန်းစုရဲ့ လက်ရှိအခြေအနေအကြောင်း သူ တကယ်တမ်း သိပ်မသိသေးဘူး။ ရရှိလာတဲ့ အထောက်အထားက ထာဝရ ဖြစ်တယ် ဆိုလိုတာက သူက ဒီအထောက်အထားကို သူ့ဘဝတစ်လျှောက်လုံး သိမ်းထားနိုင်မယ်။ ဒီလိုဆိုမှတော့ ချင်ယွင် လုပ်ငန်းစုက သူ့ကိုယ်ပိုင် လုပ်ငန်း ဖြစ်လာမှန်းတော့ သူ သဘာဝကျကျ အာရုံစိုက်ရတော့မယ်။ "ဥက္ကဌ ဆူ ကျွန်မ အရာအားလုံး အဆင်သင့် လုပ်ထားပါတယ်။" လျောင်ယွီ ပြုံးလိုက်ပြီး ဘေးနားက စာရွက်စာတမ်းတစ်ခုကို … Continue reading အခန်း ၇: လူပုံအလယ်မှာ ခွေးတစ်ကောင်ကို သတ်ပစ်ခြင်း
အခန်း ၆: ဘယ်သူက နောက်ဆုံးမှာ ရယ်ရမလဲ?
"မင်း ပြောလေ။" ဆူရွှင့်က သူ့ခုံမှာ နောက်မှီလိုက်ပြီး သက်တောင့်သက်သာနဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်တယ် သူ့မျက်နှာပေါ်မှာ အချိန်ကိုက် ဖန်တီးထားတဲ့ အပြုံးတစ်ခု ရှိနေသည်။ သူ ခုနကမှ ရေဖန်ခွက်ကို ပစ်ပေါက်ခဲ့တာသာ မဟုတ်ရင် လူတိုင်းက သူ့ကို အပြစ်ကင်းပြီး ကြင်နာတတ်တဲ့ ဘေးအိမ်က ကောင်လေးတစ်ယောက်လို့တောင် ထင်မှားသွားကြလိမ့်မယ်။ အပြာရောင် ဝတ်စုံနဲ့ သက်လတ်ပိုင်း အမျိုးသားက ချောင်းဟန့်လိုက်ပြီး ပြောတယ် "ဥက္ကဌ ဆူ ဥက္ကဌ ကျောက်က လုပ်ငန်းစုကြီးကို ခင်များဆီ လွှဲပေးခဲ့ပေမဲ့ ခင်များက ငယ်လွန်းပြီး အတွေ့အကြုံလည်း မရှိဘူး။ တောင်းပန်ပါတယ် ဒါပေမဲ့ ခင်များကို (ဥက္ကဌအဖြစ်) လက်ခံဖို့ ကျွန်တော့်အတွက် ခက်ခဲနေပါတယ်။" "ဒါမှန်တယ် ဥက္ကဌ ဆူ။ ခင်များက ကုမ္ပဏီအတွက် ဘာမှ … Continue reading အခန်း ၆: ဘယ်သူက နောက်ဆုံးမှာ ရယ်ရမလဲ?
အခန်း ၅: အလွန်အမင်း မောက်မာသော ဆူရွှင့်
တစ်ခဏမျှ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ဆူရွှင့်ကို ကြောင်ငေး စိုက်ကြည့်နေကြသည်။ ဆူရွှင့်က ဤမျှလောက် ကြိုတင်ခန့်မှန်းလို့ မရတဲ့သူ ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြ။ ကုမ္ပဏီကို ပထမဆုံးအကြိမ် ရောက်လာချိန်မှာ နှိမ့်ချမနေရုံသာမက ဤမျှလောက် ပြတ်သားပြီး မောက်မာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ လူငယ်လေးက သူ့မျက်နှာပေါ်က ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရပြီး ဆူရွှင့်က သူ့ကို ခွေးတစ်ကောင်ဟု ခေါ်ဝေါ်ကာ အရှက်ခွဲခံရတာနဲ့ ပေါင်းလိုက်တော့ သူ့မျက်လုံးများ နီရဲလာပြီး ဆူရွှင့်ကို စူးစိုက်ကြည့်နေမိသည်။ "ရှောင်ဆူ ကျိုးချန်က ကုမ္ပဏီရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန (HR) က ဒုတိယမန်နေဂျာပဲ။ မင်း ခုနက ပြောလိုက်တာတွေက နည်းနည်း မသင့်တော်ဘူး မဟုတ်လား?" ချန်ဟွာက ဆူရွှင့်ကို အေးစက်စွာ ပြောလိုက်သည် သူ့မျက်နှာက … Continue reading အခန်း ၅: အလွန်အမင်း မောက်မာသော ဆူရွှင့်
အခန်း ၄: ဒါ ခင်များခွေးလား?
ကျန်းကျိုး တက္ကသိုလ်၏ ဝင်ပေါက်တွင်။ Rolls-Royce Phantom တစ်စီး ဦးဆောင်ပြီး Audi A8 ခြောက်စီး ပါဝင်သော ကားတန်းကြီးက လူအုပ်ကြီးကို ဆွဲဆောင်နေသည်။ ကျန်းကျိုး တက္ကသိုလ်သည် ကျန်းကျိုးပြည်နယ်၏ အမြင့်ဆုံး ပညာသင်ကြားရေး ဌာနဖြစ်ပြီး ပြည်နယ်မြို့တော် ကျန်းနန်မြို့တွင် တည်ရှိသည် ဤနေရာသည် ချမ်းသာသူများနှင့် နာမည်ကြီး ပုဂ္ဂိုလ်များ အာရုံစိုက်မှု မလျော့ပါးသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ခမ်းနားမှုကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည် ထိုကားအနည်းငယ်၏ တန်ဖိုးတစ်ခုတည်းကပင် ယွမ် သန်းပေါင်း ဆယ်ဂဏန်း တန်ကြေးရှိသည်။ လူတိုင်းက ကျောင်းကို ဘယ်လို အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် ရောက်လာသလဲဟု မခန့်မှန်းဘဲ မနေနိုင်ကြတော့။ "ဒါ ဘယ်သူလဲ? သူက … Continue reading အခန်း ၄: ဒါ ခင်များခွေးလား?
အခန်း ၃: ဆူရွှင့် ဟာ မင်းခေါ်ရမယ့် နာမည်လား
မရေမတွက်နိုင်သော လူများ၏ စူးစိုက်ကြည့်ရှုမှုအောက်တွင်။ ဆူရွှင့်က တည်ငြိမ်ပြီး ခန့်ညားသော အမူအရာဖြင့် ခေါင်းညိတ်ကာ စကားဆိုလိုက်သည်: "ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုတာ ကျေးဇူးတင်ပါတယ်။" အမှန်တော့ သူ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း သူ အထောက်အထားကို ရရှိပြီးနောက် ထိုအထောက်အထား၏ စွမ်းရည်များကို အပြည့်အဝ ရရှိခဲ့ပြီး လူကြီးလူကောင်းတစ်ဦး၏ အမူအရာအတိုင်း တည်ငြိမ်အေးဆေးစွာ နေနိုင်ခဲ့သည်။ ဒါကြောင့်သာ သူ အခုလို တည်ငြိမ်နေသယောင် ဟန်ဆောင်နိုင်တာ ဖြစ်သည် မဟုတ်ရင် သူ့ရဲ့ ကြောက်လွယ်တဲ့ နှလုံးသားနဲ့ဆို လွန်ခဲ့တဲ့ အချိန်ကတည်းက ပေါက်ကွဲထွက်သွားလောက်ပြီ။ "သခင်လေးက သဘောကောင်းလွန်းပါတယ်။ ဒါတွေအားလုံးက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေပါပဲ။" လီထောင်က ဆူရွှင့်အပေါ် ပိုတိတိကျကျ ပြောရရင် ကွယ်လွန်သွားသော ကျောက်ချန်မင်အပေါ် အလွန်အမင်း လေးစားမှုပြသခဲ့သည်။ လူတိုင်းက … Continue reading အခန်း ၃: ဆူရွှင့် ဟာ မင်းခေါ်ရမယ့် နာမည်လား
အခန်း ၂: မတူညီတဲ့ ကမ္ဘာက လူတွေ
အန်ကျီချင်၏ လှပသော မျက်ဝန်းများ အံ့ဩတုန်လှုပ်မှုကြောင့် ဝိုင်းစက်သွားပြီး သူမ၏စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားကာ ထို့နောက် သူမ၏ လှပသော မျက်နှာလေးသည် နီရဲတက်လာသည်။ ပြီးနောက် သူမ မျက်လုံးများကို မှိတ်ထားလိုက်ပြီး အလွန်အမင်း ရှက်ရွံ့နေသော်လည်း ဆူရွှင့်ကို မကျွမ်းမကျင် ပြန်လည် တုံ့ပြန်နမ်းရှိုက်လာသည်။ သူမ၏ နှလုံးသားထဲတွင် ချိုမြိန်မှုများ ပြည့်နှက်သွားသည် ဆူရွှင့်က နောက်ဆုံးတော့ သူမကို လက်ခံလိုက်ပြီ။ သူတို့နှစ်ဦးသည် အတန်း၏ အလယ်တွင်ပင် အခြားသူများကို လုံးဝ ဂရုမစိုက်ဘဲ ပြင်းပြင်းရှရှ နမ်းရှိုက်နေကြသည်။ အတန်းထောင့်တစ်နေရာတွင်။ လူငယ်တစ်ဦး၏ မျက်နှာသည် ထိုမြင်ကွင်းကြောင့် ဆိုးရွားစွာ မည်းမှောင်သွားပြီး သူ၏ လက်ထဲမှ ဘောပင်သည် "ခွမ်း" ဟူသော အသံနှင့်အတူ နှစ်ပိုင်း ကျိုးသွားကာ သူ၏ လက်ဆစ်များပင် … Continue reading အခန်း ၂: မတူညီတဲ့ ကမ္ဘာက လူတွေ

