အခန်း (၂) : မင်းက တော်တော်မိုက်တာပဲ

အထူးစွမ်းရည်ပိုင်ရှင် ကျောင်းသား

ပြန်ပြောတယ်! သူက ပြန်ပြောရဲတယ်ပေါ့! ပြီးတော့ ဒီလောက်မာမာထန်ထန်နဲ့! လီမင်က လင်းထျန်းကို မယုံနိုင်စွာကြည့်ရင်း ခဏရပ်တန့်သွားပြီးနောက် ရုတ်တရက် ဒေါသပေါက်ကွဲသွားတယ်။ "ကောင်းပြီလေ၊" သူမက ခပ်ဆတ်ဆတ်ပြောလိုက်တယ်၊ "ဒါဆို ပုစ္ဆာနံပါတ် ၂၀ ကို ဘယ်လိုတွက်မလဲ ပြောစမ်း! မင်း ဖြေရှင်းနိုင်ရင် ငါမင်းကို တောင်းပန်မယ်၊ နောက်ဆို မင်းအတန်းလစ်ရင်တောင် ငါဂရုစိုက်တော့မှာမဟုတ်ဘူး!" "ဟွန့်!" သူမက စကားဆုံးအောင်ပြောပြီး ဒေါသတကြီး မဲ့ရွဲ့ကာ လင်းထျန်းကို စိုက်ကြည့်လိုက်တယ်။ သူက ဖြေရှင်းနိုင်မယ်? တကယ့်ကို ရယ်စရာပဲ! သူမက လင်းထျန်းရဲ့ စာအရည်အချင်းကို ကောင်းကောင်းသိတယ်! ဒီပုစ္ဆာကို သူဖြေရှင်းနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး! တစ်ချိန်တည်းမှာပဲ အတန်းထဲက ကျောင်းသားအားလုံးက လင်းထျန်းကို ကြည့်နေကြတယ်၊ တစ်ချို့က သနားတဲ့အကြည့်နဲ့၊ တချို့ကတော့ သူဒုက္ခရောက်တာကို ကြည့်ပြီး … Continue reading အခန်း (၂) : မင်းက တော်တော်မိုက်တာပဲ

အထူးစွမ်းရည်ပိုင်ရှင် ကျောင်းသား

အထူးစွမ်းရည်ပိုင်ရှင် ကျောင်းသား

ဝတ္ထုအကျဉ်းချုပ် သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ နောက်အနာဂတ် အနှစ်သုံးထောင်ကနေ စူပါစွမ်းအင်စနစ်တစ်ခုကို မတော်တဆရရှိခဲ့တယ်။ လင်းထျန်းက အဲ့ဒီစွမ်းအင်စနစ်ထဲမှာ စွမ်းရည်အမျိုးမျိုးကို လဲလှယ်ရယူနိုင်ပါတယ်။ မိန်းမလှလေးတွေ ကြည့်ချင်လား? ဖောက်ထွင်းမြင်နိုင်တဲ့စွမ်းရည် ရှိတယ်! စာမေးပွဲအတွက်လား? တစ်ခါမြင်ရုံနဲ့မမေ့တဲ့ မှတ်ဉာဏ်စွမ်းရည် ရှိတယ်! မင်းက တော်တယ်ဟုတ်လား? ငါက စူပါဆိုင်ယာအဖြစ် ပြောင်းလဲနိုင်တယ်ကွ! ဒီလို အမိုက်စားဘဝမျိုးအတွက် ဘာမှရှင်းပြနေစရာမလိုပါဘူး!

အခန်း (၁) : အသုံးမကျတဲ့ကောင် ငါက ဘယ်လိုလုပ် အသုံးမကျရမှာလဲ

အထူးစွမ်းရည်ပိုင်ရှင် ကျောင်းသား

အထက်တန်းနောက်ဆုံးနှစ် အတန်း ၁၉ ထဲမှာ စာသင်စင်မြင့်ပေါ်က ဆရာမက စာသင်ကြားနေပေမယ့် စင်အောက်က လင်းထျန်းကတော့ သူ့ရဲ့သင်္ချာစာအုပ်ကို စိတ်လှုပ်ရှားစွာနဲ့ လှန်လှောကြည့်နေရင်း သူ့အကြည့်တွေက အတန်းဖော်မိန်းကလေးတွေရဲ့ နူးညံ့လှပတဲ့ ခန္ဓာကိုယ်လေးတွေဆီကို ခိုးကြောင်ခိုးဝှက် ကျရောက်နေခဲ့တယ်။ "ABCDEFG၊ မိန်းမလှလေးတွေရဲ့ တောင်ပူစာတွေက ကြီးကျယ်ခမ်းနားလိုက်တာ..." လင်းထျန်းက အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို တိုးတိုးလေးညည်းဆိုနေရင်း သူ့နှုတ်ခမ်းမှာ လူလည်ကျတဲ့အပြုံးလေးတစ်ခု ဖြစ်ပေါ်နေခဲ့တယ်။ သင်္ချာစာအုပ်လှန်ရင်း အင်္ဂလိပ်သီချင်းဆိုနေတာမျိုးက လင်းထျန်းလို ထူးဆန်းတဲ့လူတစ်ယောက်မှသာ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က ကျောင်းသားတွေနဲ့ ဆရာမကတော့ လင်းထျန်းရဲ့မျက်လုံးထဲမှာ မိန်းကလေးတွေဝတ်ထားတဲ့ အဝတ်အစားတွေက တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး တစ်ချို့က ပြားကပ်ကပ်၊ တစ်ချို့က ထွားထွားကားကား တောင်ပူစာလေးတွေ သူ့မျက်စိရှေ့မှာ အဆက်မပြတ်ပေါ်လာတာကြောင့် သူ့ရဲ့နှလုံးသားငယ်လေးကို ဗြောင်းဆန်အောင် တုန်ခါသွားစေခဲ့တယ်ဆိုတာကို မသိကြဘူး။ စူပါစွမ်းအင်! ဖောက်ထွင်းမြင်နိုင်စွမ်း! … Continue reading အခန်း (၁) : အသုံးမကျတဲ့ကောင် ငါက ဘယ်လိုလုပ် အသုံးမကျရမှာလဲ